“ဒီတစ်ပတ် စက်သုံးဆီ အခြေအနေ”( မေ ၅ ရက် မှ ၁၁ ရက်အထိ)

Author လင်းနွေဦး
Categories
Published on May 11, 2024

“အကုန်ထပ်ကျတဲ့ ဒီတစ်ပတ် စက်သုံးဆီ”

 

ပြီးခဲ့တဲ့ အပတ်က ဈေးတွေကျခဲ့တဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ ဒီတစ်ပတ်မှာလည်း ထပ်ကျခဲ့ပါတယ်။ ဧပြီ နှောင်းပိုင်းကစလို့ ပြန်မတက်တော့တဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ အခု မေလ ဒုတိယအပတ်အထိ ဈေးနှုန်းတွေ ဆက်တိုက်ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

 

ရိုးရိုးဒီဇယ် တစ်လီတာကို ၂၄၀၀ ကျပ်မှ ၇၅ ကျပ် ကျဆင်းခဲ့ကာ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၂၄၅၀ ကျပ်မှ ၈၀ ကျပ် ကျဆင်းခဲ့ပြီး ဓာတ်ဆီ အမျိုးအစားတွေအဖြစ် 92 အောက်တိန်း တစ်လီတာကနေ ၂၈၃၅ ကျပ်ကနေ ၁၇၅ ကျပ်ကျဆင်းခဲ့ သလို 95 အောက်တိန်းတစ်လီကလည်း ၂၉၄၅ ကျပ်ကနေ ၁၈၀ ကျပ် အထိ ကျဆင်းခဲ့ပါတယ်။

 

မေလ ဒုတိယပတ် ရဲ့ စက်သုံးဆီဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ ရိုးရိုးဒီဇယ်တစ်လီတာ ၂၃၂၅ ကျပ်၊ အဆင့်မြင့် ဒီဇယ်တစ်လီတာ ၂၃၇၀ ကျပ် နဲ့ ဓာတ်ဆီအမျိုးအစားများအဖြစ် 92 အောက်တိန်းတစ်လီတာ ၂၆၆၀ ကျပ်၊ 95 အောက်တိန်းတစ်လီတာ ၂၇၆၅ ကျပ်ဈေးရှိပါတယ်။