ကိုဗစ် ၁၉ အတည်ပြုလူနာသစ် ၃၇၉ ဦးထိထပ်မံတွေ့ရှိကာ သေဆုံးသူ တစ်ဦးရှိ

Published on Sep 29, 2022

ယနေ့ စက်တင်ဘာ ၂၉ ရက်တွင် ကိုဗစ် ၁၉ အတည်ပြုလူနာသစ် ၃၇၉ ဦးထိ တွေ့ရှိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခ့ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ယမန်နေ့ စက်တင်ဘာ ၂၈ ရက်တွင် ကိုဗစ်အတည်ပြုလူနာသစ် ၃၈၁ ဦး တွေ့ရှိခဲ့ပြီး ယနေ့ စက်တင်ဘာ ၂၉ ရက် မှာတော့ ၃၇၉ ဦးတွေ့ရှိခဲ့ကာ အတည်ပြုလူနာသစ်အနည်းငယ် ကျဆင်းလာခဲ့သည်။

ကိုဗစ် ၁၉ ကူးစက်ခံရသူ များထဲမှ သေဆုံးသူများလည်း နေ့စဥ် ၁ ဦး၊ ၂ဦး နှုန်းဖြင့် သေဆုံးမှုရှိလာခဲ့ရာ ယနေ့ စက်တင်ဘာ ၂၉ ရက်တွင် သေဆုံးသူ ၁ဦး ရှိလာခဲ့ကြောင်း သ်ိရသည်။

ယနေ့ စက်တင်ဘာ ၂၉ ရက်၊ ည ၈ နာရီ အချိန်ထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ အတည်ပြုလူနာ ၃၇၉ ဦးတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံ ၌ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၆၂၂,၈၀၂ ဦး ရှိခဲ့ပြီး သေဆုံးခဲ့သူ စုစုပေါင်း ၁၉,၄၅၈ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ကိုဗစ် ၁၉ ရောဂါပိုးသည် ပြည်တွင်း၌ ပြန်လည်ကူးစက်လာခဲ့သည်မှာ သြဂုတ်လ ၏ နောက်ဆုံးပတ်မှ စတင်ခဲ့ရာချီကာတွေ့ရှိလာခဲ့သော်လည်းစက်တင်ဘာ ၁ ရက် မှ စက်တင်ဘာ ၂၉ ရက်ထိ ရက်ပေါင်း ၂၉ ရက် အတွင်း အတည်ပြုလူနာသစ် ၇၅၈၁ ဦး ရှိလာကာ သေဆုံးသူ ၁၉ ဦး ထိရှိလာခဲ့ကြောင်း သိရသည်။