“ဒီတစ်ပတ် ရွှေဈေး အတက်အကျ” (ဧပြီ ၂၈ ရက်မှ မေ ၄ ရက်အထိ)

Author လင်းနွေဦး
Categories
Published on May 05, 2024

“တက်နှုန်းမြင့် ရွှေဈေးများ ပြန်ကျပြီ”

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက ဆက်တိုက်တက်နေခဲ့တဲ့ ရွှေဈေးတွေဟာ ဒီတစ်ပတ်မှာတော့ ထူးထူးခြားခြား ဈေးတွေ ပြန်ကျခဲ့ပါတယ်။

 

ကမ္ဘာ့ရွှေ တစ်အောင်စကို အမေရိကန် ၃၅ ဒေါ်လာကျော်အထိ ပြန်ကျခဲ့သလို အခေါက်ရွှေအမျိုုးအစားတွေ ဖြစ်တဲ့ ၁၅ ပဲရည် အခေါက်ရွှေ နဲ့ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ဈေးနှုန်းများဟာ ၆ သောင်းကျပ်စီ တူညီစွာ ဈေးကျခဲ့တာပါ။

 

စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်ရွှေလုပ်ငန်းရှင်ကြီးများအသင်း (YEGA) လူမှုကွန်ရက် စာမျက်နှာမှာတော့ မတ်လ ၄ ရက်နေ့ စနေနေ့ ရွှေဈေးကွက် အပိတ်ဈေးနှုန်းအဖြစ် အကယ်ဒမီ မီးလင်းရွှေ(၁၆ ပဲရည် အခေါက်ရွှေ) တစ်ကျပ်သား ဈေးနှုန်းကို 39 သိန်း ၉ သောင်း ၉ ထောင့် ၉ ရာ (သိန်း လေးဆယ်နီးပါး) လို့ ဖော်ပြထားပါတယ်။

 

မြေပြင်ဈေးကွက် ရဲ့ မတ်လ ၄ ရက် နေ့ ရွှေဈေးအပိတ်ဈေးနှုန်း တွေကတော့ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၄၇ သိန်း ၄ သောင်းကျပ်၊ ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၄၄ သိန်း ၅ သောင်းကျပ်နဲ့ ကမ္ဘာ့ရွှေတစ်အောင်စ ကို အမေရိကန် ၂၃၀၂ ဒဿမ ၅၇ ဒေါ်လာ ဈေးရှိခဲ့ပါတယ်။