နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ရှောင်တာနယ်လ်နှင့်ဝန်ကြီးသုံးဦးကို ထောင်သုံးနှစ်စီချမှတ်

Author အောင်နိူင်သူ
Categories
Published on Sep 29, 2022

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးအကြံပေး ရှောင်တာနယ်အပါအဝင် ၅ဦးကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) ဂ ဖြင့်ထောင်ဒဏ် သုံးနှစ်စီအမိန့်ချခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

နေပြည်တော်အကျဥ်းထောင်ရှိ အထူးတရားရုံးမှ ယနေ့ နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှောင်တာနယ်လ် အပါအဝင် ဝန်ကြီးသုံးဦးကို အမိန့်ချခဲ့တာဖြစ်သည်ဟု တရားရုံးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“အမေစုရယ် ရှောင်တာနယ်ရယ် စီမံဘဏ္ဍာဝန်ကြီးရယ် ဒုဝန်ကြီးနှစ်ဦးရယ် ပုဒ်မကတော့ တူတယ် အာ့ကြောင့် သုံးနှစ်စီအမိန့်ချတာ” ဟုရှင်းပြသည်။

လက်ရှိအခြေအနေတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်ကောင်စီက စုစုပေါင်း ထောင်ဒဏ် ၂၃နှစ်ထိ မတရားစွပ်စွဲ ထောင်ဒဏ်ချမှတ်ထားသည်။