“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (ဧပြီ ၂၁ ရက်မှ ၂၇ ရက်အထိ)

Author လင်းနွေဦး
Categories
Published on Apr 28, 2024

“အမြင့်ကြိုက်နေဆဲ နိုင်ငံခြားငွေကြေးများ”

 

ဒီတစ်ပတ်မှာလည်း နိုင်ငံခြားငွေတွေဟာ အမြင့်ကြိုက်နေဆဲလို့ ဆိုရလောက်အောင် ပြန်လည်ကျဆင်းလာခြင်းမရှိသေးဘဲ အထူးသဖြင့် ဒေါ်လာအမျိုးအစားတွေဟာ တက်နှုန်းကြမ်းခဲ့ပါတယ်။

 

အမေရိကန်တစ်ဒေါ်လာကို ၈၀ ကျပ်နှုန်း တက်ခဲ့ကာ တစ်ဒေါ်လာ ၄၀၀၀ ကျပ်နီးပါးအထိ ဖြစ်လာခဲ့သလို စင်ကာပူတစ်ဒေါ်လာကလည်း ၇၀ ကျပ်နှုန်းတက်ခဲ့ကာ တစ်ဒေါ်လာ ၂၉၀၀ နီးပါး ဖြစ်လာသည်အထိ တက်နှုန်းတွေ မြင့်ခဲ့ပါတယ်။

 

အလားတူ ထိုင်းတစ်ဘတ်ကို ၂ ဒဿမ ၈၂ ကျပ် ၊ ဂျပန် တစ်ယမ်း သုည ဒဿမ ၁၉ ကျပ်၊ မလေးရှား တစ်ရင်းဂစ် ၂၂ ကျပ်၊ တရုတ်တစ်ယွမ် ၂၀ ကျပ်နှုန်းအသီးသီး တိုးလာခဲ့တာပါ။

 

နိုင်ငံခြားငွေကြေးတွေ ဆက်တိုက်တက်လာခဲ့ပေမဲ့လို့ မြန်မာ့ရွှေဈေးတက်ခြင်းမရှိဘဲ တန့်နေခဲ့တာကတော့ ထူးခြားချက် ဖြစ်တယ်လို့ စီးပွားရေးပညာရှင်များ နဲ့ ငွေကြေးပညာရှင်များက မှတ်ချက်ပြုထားကြပါတယ်။

 

ဧပြီလ နောက်ဆုံးပတ် နိုင်ငံခြားငွေလဲလှယ်နှုန်း အပိတ်ဈေးတွေကတော့ အမေရိကန် တစ်ဒေါ်လာ ၃၉၇၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ ၂၈၈၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၀၇ ဒဿမ ၅၃ ကျပ်၊ ဂျပန်တစ်ယမ်း ၂၅ ဒဿမ ၁၂ ကျပ်၊ တရုတ် တစ်ယွမ် ၅၄၂ ကျပ် နဲ့ မလေးရှား တစ်ရင်းဂစ် ၈၈၇ ကျပ် လဲလှယ်နှုန်းရှိခဲ့ပါတယ်။