“ဒီတစ်ပတ် စက်သုံးဆီအခြေအနေ” (ဧပြီ ၂၁ မှ ၂၇ ရက်အထိ)

Author လင်းနွေဦး
Categories
Published on Apr 28, 2024

“အဓိကသုံးတဲ့ စက်သုံးဆီဈေးတွေ ပြန်ကျ”

 

ပြီးခဲတဲ့ အပတ်က ဓာတ်ဆီဈေးနှုန်းတွေတက်ခဲ့ပြီး ဒီဇယ်ဈေးနှုန်းတွေပြန်ကျခဲ့ရာက ဒီတစ်ပတ် စက်သုံးဆီဈေးနှုန်းတွေဟာ အကုန်နီးပါး ထူးထူးခြားခြားဈေးတွေ ကျခဲ့ပါတယ်။

 

ဒီဇယ် အမျိုးအစားတွေအဖြစ် ရိုးရိုးဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ ဓာတ်ဆီအမျိုးအစားတွေထဲမှာ 92 အောက်တိန်း အမျိုးအစားကလည်း ဈေးကျခဲ့ပြီး 95 အောက်တိန်းဈေးနှုန်းကသာ တက်လည်းမတက် ကျလည်းမကျခဲ့ဘဲ တန့်နေခဲ့တာကို တွေ့ရပါတယ်။

 

ရိုးရိုးဒီဇယ် တစ်လီတာကို ၂၄၃၅ ကျပ်မှ ၂၅ ကျပ်နှုန်း ပြန်ကျခဲ့သလို အဆင့်မြင့်ဒီဇယ် တစ်လီတာကလည်း ၂၄၈၀ ကျပ်မှ ၂၀ ကျပ်နှုန်း ပြန်ကျခဲ့ကာ ဓာတ်ဆီအမျိုးအစားဖြစ်တဲ့ 92 အောက်တိန်း တစ်လီတာကို ၂၈၅၀ ကျပ်မှ ၅ ကျပ်နှုန်း အရင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ကျဆင်းခဲ့ကြပါတယ်။

 

ဧပြီနောက်ဆုံးပတ် စက်သုံးဆီဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၁၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၂၄၈၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၂၈၅၀ ကျပ်နဲ့ အောက်တိန်း 95 တစ်လီတာ ၂၉၆၀ ကျပ် ဈေးရှိခဲ့ပါတယ်။