နာမကျန်း ခိုလှုံနေရသူတွေရဲ့ စစ်ရှောင်ခရီးကြမ်း

Author ဓာတ်ပုံ - အေတီ
Categories
  • Photo News
Published on Apr 21, 2024

စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲပြင်းထန်နေတဲ့ မြဝတီမြို့ တံတားအမှတ်(၂) အနီးမှာ နာမကျန်းသူတွေ ခိုလှုံနေရတဲ့ သဘာဝတရားရိပ်သာဆိုတဲ့ နေရာလေး တစ်ခုရှိပါတယ်။

 

ဧပြီ ၂၀ ရက်နေ့ ညနေပိုင်းမှာတော့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပြီး သဘာဝတရားရိပ်သာမှာ ခိုလှုံနေရတဲ့ နာမကျန်းသူတွေ မသန်စွမ်း အဖိုး၊အဖွားတွေပါ သောင်ရင်းမြစ်ကမ်းစပ်ကို အသက်ဘေးလု ပြေးခဲ့ရပါတယ်။

 

သူတို့ တိမ်းရှောင်နေစဉ် စစ်ကောင်စီရဲ့ လေယာဉ်တွေကနေတဆင့် လက်နက်ကြီးတွေဟာ သောင်ရင်းမြစ်အတွင်းကို ကျရောက် ပေါက်ကွဲပါတော့တယ်။

 

ဒါ့ကြောင့် သူတို့အားလုံး အချို့ဟာ ဆီးပိုက်တွေတန်းလန်း၊ အချို့က အမြင်အာရုံချို့တဲ့ အချို့က လမ်းလျှောက်ဖို့ရန် မစွမ်းသာတဲ့ကြားက သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။

 

သူတို့ ဘယ်လို အသက်ဘေးကို လုပြီး ဖြတ်သန်းခဲ့ရပါသလဲဆိုတာ CJ Platform ရဲ့ ဓာတ်ပုံသတင်းထောက်က ရိုက်ကူးထားတဲ့ သတင်းဓာတ်ပုံလေးတွေကနေတဆင့် စာနာမှုများ မျှဝေလိုက်ကြရအောင်။

N0 2

No 3

No 4

No 5

No 6

No 7

No 8

No 9

No 10

No 11

No 12

No 13

No 14

No 15

No 16

No 17