“ဒီတစ်ပတ် စက်သုံးဆီ အခြေအနေ” (ဧပြီ ၁၃ ရက်မှ ၂၀ ရက်အထိ)

Author လင်းနွေဦး
Categories
Published on Apr 21, 2024

“ဒီဇယ်အကျ ဓာတ်ဆီအတက်နဲ့ နှစ်သစ်ကူးခဲ့တဲ့ စက်သုံးဆီ”

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက ငြိမ်ချက်သားကောင်းခဲ့တဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ နှစ်သစ်ကူးအပြီး ဒီတစ်ပတ်မှာတော့ ပြောင်းလဲမှုတွေ ပြန်ဖြစ်လာခဲ့ပါတယ်။

 

ဈေးနှုန်းမပြောင်းမလဲ တန့်နေခဲ့တဲ့ ဒီဇယ်ဆီ ဈေးနှုန်းဟာ ထပ်ကျလာခဲ့သလို အနည်းငယ်သာ တက်ခဲ့တဲ့ ဓာတ်ဆီဈေးနှုန်းတွေကတော့ ဒီတစ်ပတ်မှာ ထပ်တက်လာခဲ့တာပါ။

 

ရိုးရိုး ဒီဇယ်တစ်လီတာနဲ့ အဆင့်မြင့် ဒီဇယ်တစ်လီတာ ဈေးနှုန်းများဟာ ဒီတစ်ပတ်မှာ ၅၀ ကျပ်စီ တူညီစွာ ဈေးကျခဲ့ကာ ဓာတ်ဆီအမျိုးအစားတွေဖြစ်တဲ့ 92 နဲ့ 95 အောက်တိန်း တစ်လီတာ ဈေးနှုန်းတွေကလည်း ၃၀ ကျပ်စီတူညီစွာ ဈေးကျခဲ့ပါတယ်။

 

နှစ်သစ်ကူးအပြီး ဧပြီလ ၂၀ ရက် စနေနေ့ အတွက် စက်သုံးဆီ အပိတ် ဈေးနှုန်းတွေကတော့ ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၃၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာ ၂၄၈၀ ကျပ်၊ ဓာတ်ဆီအမျိုးအစားများ အဖြစ် 92 အောက်တိန်းတစ်လီတာ ၂၈၅၀ ကျပ်၊ 95 အောက်တိန်းတစ်လီတာ ၂၉၆၀ ကျပ်ဈေး ရှိခဲ့ပါတယ်။