‘’ဒီတစ်ပတ် ရွှေဈေး အတက်အကျ” (မတ်လ ၂၄ ရက်မှ ၃၀ ရက်အထိ)

Author လင်းနွေဦး
Categories
Published on Mar 30, 2024

“စံချိန်တင် ဈေးနှုန်းတွေနဲ့ မတ်လ နောက်ဆုံးပတ် ရွှေဈေးများ”

 

ဈေးပြန်ကျခြင်းမရှိတဲ့ ရွှေဈေးတွေဟာ ဒီတစ်ပတ်မှာလည်း အရင်အပတ်ကထက် ဆက်တက်ခဲ့ပြီး မြန်မာ့ရွှေ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ဈေးနှုန်းဟာ ၄၅ သိန်း ကျော်လာခဲ့ပါတယ်။

 

အလားတူ ၃၉ သိန်း ဝန်းကျင်မှာ ရှိနေခဲ့တဲ့ ၁၅ ပဲရည် အခေါက်ရွှေဈေးဟာလည်း သိန်း လေးဆယ် အထက်ကို ရောက်ရှိခဲ့တာပါ။

 

ပြီးခဲ့တဲ့ အပတ်က ကျဆင်းခဲ့တဲ့ ကမ္ဘာ့ရွှေဈေးကလည်း ပြန်တက်ခဲ့ပြီး တစ်အောင်စကို အမေရိကန် ၇၅ ဒေါ်လာအထိ တက်ခဲ့တာကြောင့် ရွှေဈေးကွက် ပညာရှင်များအနေနဲ့လည်း စံချိန်တင် ဈေးနှုန်းတွေဖြစ်ကြောင်း ဝန်ခံဖွင့်ဟခဲ့ရတဲ့ ရက်သတ္တပတ် ဖြစ်ခဲ့ပါတယ်။

 

စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်ကြီးများအသင်း (YGEA) ရဲ့ Facebook စာမျက်နှာတွင် အကယ်ဒမီ မီးလင်းရွှေ (၁၆ ပဲရည် အခေါက်ရွှေ) အတွက် မတ်လ ၃၀ ရက်နေ့ ဈေးကွက် အပိတ်ဈေးနှုန်းကို တစ်ကျပ်သား ဈေး ၃၈ သိန်း ၃ သောင်း ၄ ထောင့် ၈ ရာ လို့ ဖော်ပြထားပါတယ်။

 

မတ်လ နောက်ဆုံးအပတ် စနေနေ့ အတွက်မြေပြင် ရွှေဈေးကွက် အပိတ်ဈေးနှုန်းများကတော့ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၄၅ သိန်း ၁သောင်း ကျပ်၊ ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၄၂ သိန်း ၄ သောင်း နဲ့ ကမ္ဘာ့ရွှေ တစ်အောင်စကို အမေရိကန် ၂၂၃၂ ဒေါ်လာ ဈေးပေါက်ခဲ့ပါတယ်။