“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ”(မတ်လ ၁၇ ရက်မှ ၂၃ အထိ)

Author လင်းနွေဦး
Categories
Published on Mar 24, 2024

“တက်မြဲပြတ်ဆဲ နိုင်ငံခြားငွေ”

 

ဒီတစ်ပတ် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းတွေဟာ အရင်တစ်ပတ်ကထက် ဆက်လက်မြင့်တက်ခဲ့ပြီး ဈေးကွက်အတွင်းမှာတော့ လိုသလောက် လဲလှယ်မှုတွေ မရရှိနေဘူးလို့ သိရပါတယ်။

 

အမေရိကန်နဲ့ စင်ကာပူဒေါ်လာ တို့ဟာ ၅၀ ကျပ်ဝန်းကျင် အထိ ဆက်လက်တက်ခဲ့သလို ထိုင်းတစ်ဘတ် ကလည်း ၁ ဒဿမ ၆၂ ကျပ်၊မလေးရှား တစ်ရင်းဂစ် ၆၉ ကျပ် နဲ့ တရုတ် တစ်ယွမ် ကလည်း ၈ ကျပ် အထိ လဲလှယ်နှုန်းတိုးလာခဲ့ပါတယ်။

 

ရွှေဈေးမြင့်တက်မှု ဟာလည်း နိုင်ငံခြားငွေလဲလှယ်နှုန်းကို ရိုက်ခတ်ခဲ့ပြီး ကျပ်ငွေ ကျဆင်းမှု အတွက် အကြောင်းအရင်းတစ်ရပ် ဖြစ်တယ်လို့ ကျွမ်းကျင် စီးပွားရေးပညာရှင်များမှ ဆိုထားပါတယ်။

 

မတ်လ တတိယပတ် ရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက် အပိတ်ဈေးတွေကတော့ အမေရိကန် တစ်ဒေါ်လာ ၃၇၃၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၂၇၆၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၀၃ ဒဿမ ၆၆ ကျပ်၊ ဂျပန် တစ်ယမ်း ၂၄ ဒဿမ ၇၄ ကျပ်၊ မလေးရှား တစ်ရင်းဂစ် ၈၅၆ ကျပ်၊ တရုတ်တစ်ယွမ် ၅၁၂ ကျပ် ဈေးရှိခဲ့ပါတယ်။