“ဒီတစ်ပတ် စက်သုံးဆီစျေး အခြေအနေ” (မတ်လ ၁၇ ရက်မှ ၂၃ ရက်အထိ)

Author လင်းနွေဦး
Categories
Published on Mar 24, 2024

“ဒီဇယ်အငြိမ် ဓာတ်ဆီအတက်နဲ့ ဒီတစ်ပတ်စက်သုံးဆီ”

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်က အကုန်နီးပါး ဈေးပြန်တက်ခဲ့တဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ ဒီတစ်ပတ်မှာတော့ တမူထူးခြားခဲ့ပါတယ်။

 

တစ်လီတာ ၂၅၀၀ ဝန်းကျင်ကို ရောက်ခဲ့တဲ့ ဒီဇယ် ဈေးနှုန်းတွေက ဒီအပတ်မှာ မပြောင်းမလဲ အရင် အပတ်ကအတိုင်း ရှိနေခဲ့ပြီး ဓာတ်ဆီ ဈေးနှုန်းတွေသာ ဆက်တက်လာခဲ့လို့ ဖြစ်ပါတယ်။

 

ဓာတ်ဆီ အမျိုးအစားတွေဖြစ်တဲ့ 92 အောက်တိန်း တစ်လီတာကို ၂၇၃၀ ကျပ်မှ ၆၅ ကျပ်နှုန်း တိုးလာခဲ့ပြီး 95 အောက်တိန်း တစ်လီတာကို ၂၈၄၅ ကျပ်မှ ၅၅ ကျပ်နှုန်း တိုးလာခဲ့ပါတယ်။

 

မတ်လ တတိယ အပတ် စနေနေ့အတွက် စက်သုံးဆီ အပိတ်ဈေးနှုန်းတွေကတော့ ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၃၅ ကျပ်၊အဆင့်မြင့်ဒီဇယ် တစ်လီတာ ၂၄၈၀ ကျပ် နဲ့ ဓာတ်ဆီ အမျိုးအစားများ အဖြစ် 92 အောက်တိန်း တစ်လီတာ ၂၇၉၅ ကျပ် နဲ့ 95 အောက်တိန်း တစ်လီတာ ၂၉၀၀ ကျပ်ဈေးရှိပါတယ်။