“ဒီတစ်ပတ် ကျပ်ငွေအပြောင်းအလဲ” (မတ်လ ၃ ရက်နေ့မှ ၉ ရက်အထိ)

Author လင်းနွေဦး
Categories
Published on Mar 10, 2024

“အကုန်တက်တဲ့ နိုင်ငံခြားငွေကြေး”

 

နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း တွေဟာ ဒီအပတ်မှာတော့ အကုန်ပြန်တက်ခဲ့တာကြောင့် ကျပ်ငွေတန်ဖိုး ပုံမှန်ထက်ကျတဲ့ ရက်သတ္တပတ် လို့သုံးသပ်ရမှာပါ။

 

ဒေါ်လာ အမျိုးအစားတွေဖြစ်တဲ့ အမေရိကန် ဒေါ်လာနဲ့ စင်ကာပူဒေါ်လာ တွေ တက်လာတာအပြင် ထိုင်းဘတ်နဲ့ မလေးရှားရင်းဂစ်တွေ တက်လာတာကလည်း ငွေလဲနှုန်းပေါ် မှီခိုရတဲ့ ပြည်သူတွေ၊ လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေ ငြီးငြူကြတဲ့ ရက်သတ္တပတ်လို့ ဆိုရင် မမှားပါဘူး။

 

ဒီတစ်ပတ် မှာတော့ အမေရိကန် တစ်ဒေါ်လာကို ကျပ် ၂၀ နှုန်း တိုးလာခဲ့ပြီး စင်ကာပူ ဒေါ်လာကလည်း ကျပ် ၃၀ တိတိကျကျတိုးခဲ့တယ်။ ထိုင်းတစ်ဘတ် ကလည်း ၁ ဒဿမ ၄ ကျပ်နှုန်း တိုးခဲ့တဲ့အပြင် မလေးရှား တစ်ရင်းဂစ်ကလည်း ၁၂ ကျပ်အထိ တိုးလာခဲ့တာပါ။

 

မတ်လ ၉ ရက်နေ့ စနေနေ့ရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း တွေကတော့ အမေရိကန် တစ်ဒေါ်လာ  ၃၆၅၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ ၂၆၉၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၀၂ ဒဿမ ၄ ကျပ်၊ ဂျပန် တစ်ယမ်း ၂၄ ဒဿမ ၅၃ ကျပ်၊ မလေးရှား တစ်ရင်းဂစ် ၇၇၉ ကျပ်၊ တရုတ်တစ်ယွမ် ၄၉၆ ကျပ် ဈေးရှိခဲ့ပါတယ်။