“ဒီတစ်ပတ် ရွှေဈေးအတက်အကျ” (မတ်လ ၃ ရက်နေ့မှ ၉ ရက်အထိ)

Author လင်းနွေဦး
Categories
Published on Mar 10, 2024

“အတက်ကြမ်းပြီး စံချိန်တင်ခဲ့ရတဲ့ ဒီတစ်ပတ်ရွှေဈေးနှုန်း”

 

ဒီတစ်ပတ်ရဲ့ ရွှေဈေးနှုန်းတွေကတော့ အရင်အပတ်ကထက် ဈေးတက်လာခဲ့ပြီး မြန်မာ့ရွှေအမျိုးအစားအနက် ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားဈေးဟာ မှတ်တမ်းဝင် စံချိန်တင်ဈေးနှုန်းတစ်ခု ဖြစ်ခဲ့တယ်လို့ ရွှေဈေးကွက် ပညာရှင်များကသတ်မှတ်ရတဲ့ အထိ ဈေးတက်ခဲ့ပါတယ်။

 

အလားတူ ကမ္ဘာ့ရွှေဈေးဟာလည်း ပြီးခဲ့တဲ့ တစ်ပတ် ဈေးနှုန်းဖြစ်တဲ့ တစ်အောင်စ အမေရိကန် ၂၀၈၂ ဒေါ်လာ မှ ဒေါ်လာ ၁၀၀ နီးပါး မြင့်တက်ခဲ့တာကြောင့် ဒီတစ်ပတ် ရွှေဈေးနှုန်းတွေဟာ အတက်ကြမ်းခဲ့တယ်လို့ ဆိုရမှာပါ။

 

မြန်မာ့ရွှေဈေးနှုန်းတွေ အဖြစ် ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို ၃၇ သိန်း ၁ သောင်းမှ ၉ သောင်း ၅ ထောင် (ကျပ် တစ်သိန်းနီးပါး) ဈေးတက်ခဲ့ကာ ၁၆ ပဲရည် အခေါက်ရွှေဈေးကလည်း စံချိန်တင် ဈေးနှုန်းအဖြစ် ၃၉ သိန်း ၄ သောင်း ကနေ ကျပ် တစ်သိန်း နှစ်သောင်း အထိ တက်ခဲ့ပါတယ်။

 

မတ်လ ၉ ရက်နေ့ စနေ့နေ့ မှာ ဒီအပတ်အတွက် ရွှေဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ကို ၃၈ သိန်း ၅ ထောင် ကျပ်၊ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို သိန်းလေးဆယ် နဲ့ သုံးသောင်း ငါးထောင် ကျပ် ဈေးရှိကာ ကမ္ဘာ့ရွှေ တစ်အောင်စ ကတော့ အမေရိကန် ၂၁၇၈ ဒေါ်လာ ဈေးရှိခဲ့ပါတယ်။