“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (ဖေဖော်ဝါရီ ၂၅ မှ မတ် ၂ ရက်အထိ)
“ဒေါ်လာတွေနဲ့ ဘတ်လဲနှုန်း မပြောင်းတဲ့ ဒီတစ်ပတ် နိုင်ငံခြားငွေ”
အရင် အပတ်တွေက တောက်လျောက်တက်ခဲ့တဲ့ နိုင်ငံခြားငွေ လဲနှုန်းတွေဟာ ဒီတစ်ပတ် မှာတော့ ထူးထူးခြားခြား အဖြစ် ဆက်မတက်ခဲ့ပဲ ဒေါ်လာတွေနဲ့ ဘတ်လဲလှယ်နှုန်းတွေ အရင် အပတ်ကအတိုင်း မပြောင်းမလဲ တန့်နေခဲ့သလို တခြားသော နိုင်ငံခြားငွေ ကြေးတွေဟာ လည်း မဆိုစလောက်သာ ဈေးတက်ခဲ့တာပါ။
တစ်ဒေါ်လာ ၃၆၃၀ အထိ ရောက်ခဲ့တဲ့ အမေရိကန် ဒေါ်လာ အပါအဝင် တစ်ဒေါ်လာ ၂၆၆၀ တက်ခဲ့တဲ့ စင်ကာပူ ဒေါ်လာ ဈေးဟာ လည်း ဒီအတိုင်းရပ်တန့် နေခဲ့ပြီး ထိုင်းတစ်ဘတ် ၁၀၁ ကျပ် ဟာလည်း အလားတူပါပဲ။
တခြားသော နိုင်ငံခြားငွေကြေးတွေဖြစ်တဲ့ ဂျပန် တစ်ယမ်း ကတော့ သုည ဒဿမ ၅ ကျပ်သာ တက်ခဲ့ပြီး မလေးရှား တစ်ရင်းဂစ်ကို ၅ ကျပ် နှုန်း တက်ခဲ့ကာ တရုတ် တစ်ယွမ် ကလည်း ၇ ကျပ်နှုန်း ပြန် ကျခဲ့ပါတယ်။
ဒီတစ်ပတ် မတ်လ အစောပိုင်း ၂ ရက်နေ့ စနေနေ့ အထိ နိုင်ငံခြားငွေကြေးလဲလှယ် နှုန်းတွေကတော့ အမေရိကန် တစ်ဒေါ်လာ ၃၆၃၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ၂၆၆၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၀၁ ကျပ်၊ ဂျပန် တစ်ယမ်း ၂၄ ဒဿမ ၁၀ ကျပ်၊ မလေးရှား တစ်ရင်းဂစ် ၂၆၇ ကျပ် နဲ့ တရုတ် တစ်ယွမ် ၄၉၃ ကျပ် လဲလှယ်နှုန်း ရှိခဲ့ပါတယ်။