“ဒီတစ်ပတ် ရွှေဈေး အတက်အကျ” (ဒီဇင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ)

Author လင်းနွေဦး
Categories
Published on Feb 25, 2024

“တစ်ကျပ်သား သိန်းလေးဆယ် နီးပါးဖြစ်လာတဲ့ အခေါက်ရွှေ”

 

မြန်မာ့ရွှေဈေး သမိုင်း တစ်လျှောက် အမြင့်ဆုံးဖြစ်ခဲ့တဲ့ အခေါက်ရွှေ တစ်ကျပ်သား သိန်း လေးဆယ် ဆိုတဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ နောက်ဆုံးပတ်တွေ ရဲ့ မှတ်တမ်းတွေကို ဒီတစ်ပတ် အခေါက်ရွှေ ဈေးက ပြန်လည် ခေါ်ဆောင်သွားခဲ့ပါတယ်။

 

ကမ္ဘာ့ရွှေဈေးကတော့ အတက်ဘက်ကိုပဲ ဆက်လက်ရောက်ရှိ ခဲ့ပြီး အရင် အပတ်ကထက် တစ်အောင်စကို  အမေရိကန် ၂၃ ဒေါ်လာ တက်လာခဲ့ပါတယ်။

 

ဒီတစ်ပတ် မြန်မာ့ရွှေဈေးကွက်အတွင်း ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ကို ၃၆ သိန်း ၈ သောင်း မှ ၅ သောင်း ကျပ်တိတိ တိုး၍လည်းကောင်း၊ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို ၃၉ သိန်း ကျပ် တိတိမှ ၅သောင်းကျပ် တိုး၍ လည်းကောင်း ဈေးတက်ခဲ့ပါတယ်။

 

ယခုအပတ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ စနေနေ့ ရဲ့ ရွှေဈေး အပိတ်ဈေးနှုန်းတွေကတော့ မြန်မာ့ အခေါက်ရွှေ ၁၅ ပဲရည် တစ်ကျပ်သားကို ၃၇ သိန်း ၃ သောင်း၊ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို ၃၉ သိန်း ၅ သောင်း ကျပ်ဈေး ပေါက်ခဲ့ကာ ကမ္ဘာ့ရွှေ တစ်အောင်စကို အမေရိကန် ၂၀၃၅ ဒေါ်လာ ဈေးရှိခဲ့ပါတယ်။