“ဒီတစ်ပတ် ရွှေဈေး အတက်အကျ” (ဖေဖော်ဝါရီ ၄ ရက်မှ ၁၀ ရက်နေ့အထိ)

Author လင်းနွေဦး
Categories
Published on Feb 10, 2024

ကမ္ဘာ့ရွှေ ကျပြီး ပြည်တွင်းရွှေ ပြန်တက်

 

အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်တစ်သိန်း ဝန်းကျင်အထိ ဈေးကျခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဒီအပတ်ထဲ ပြန်တက်လာခဲ့ပါတယ်။

 

ဒေါ်လာဈေးတွေ ပြန်ကျနေတာကြောင့် ရွှေဈေးကွက်ဘက်မှာလည်း လှုပ်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပြီး ဈေးတွေတက်လာတယ်လို့ သုံးသပ်ကြပါတယ်။

 

ပြည်တွင်းရွှေဈေးကွက်ထဲ အရင်အပတ်ကထက် ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို ခြောက်သောင်းကျပ်နဲ့ ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားကို ငါးသောင်းကျပ် ဈေးပြန်တက်ခဲ့ပါတယ်။

 

ကမ္ဘာ့ရွှေဈေးဘက်မှာတော့ အရင်အပတ်ကထက် ကျဆင်းခဲ့ပြီး တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာ အထိပြန်ကျခဲ့တာကိုတွေ့ရပါတယ်။

 

ဖေဖော်ဝါရီ ဒုတိယအပတ် ပြည်တွင်းရွှေ အပိတ်ဈေးမှာ ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၆ သိန်း သုံးသောင်းနဲ့ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၃၈ သိန်း ငါးသောင်းကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေ အပိတ်ဈေးကတော့ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၀၂၄ ဒေါ်လာဖြစ်ပါတယ်။