“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (ဇန်နဝါရီ ၂၈ မှ ဖေဖော်ဝါရီ ၃ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Feb 03, 2024

“ကျပ်ငွေကျလို့ နိုင်ငံခြားငွေဈေးအားလုံးတက်”

 

ပြည်တွင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့သလို စစ်ကောင်စီ ဒေါ်လာလိုအပ်မှု မြင့်တက်လာခြင်းကြောင့် နိုင်ငံခြားငွေဈေးအားလုံး မြင့်တက်လာပါတယ်။

 

ငြိမ်သက်နေတဲ့ အမေရိကန်ဒေါ်လာဈေးတွေ ပြီးခဲ့တဲ့ဇန်နဝါရီ တတိယပတ်ကစလို့ လှုပ်ခပ်လာပြီး အခုနောက်ဆုံးပတ်ထဲ ဆက်တိုက်မြင့်တက်လာတာပါ။ အဲဒီလိုပဲ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ ဂျပန်ယန်း၊ မလေးရှားရင်းဂစ်၊ တရုတ်ယွမ်အပါအဝင် ပြည်တွင်းမှာအသုံးများတဲ့နိုင်ငံခြားငွေကြေးတွေအားလုံး မြင့်တက်လာတာပါ။

 

ပြီးခဲ့တဲ့ အပတ်ကထက် အမေရိကန်တစ်ဒေါ်လာကို ၇၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို ၄၅ ကျပ်အထိ တက်ကြသလို ထိုင်းတစ်ဘတ်ကို ၁ ကျပ်၊ ဂျပန်တစ်ယမ်းကို ၂ ကျပ်၊ မလေးရှားတစ်ရင်းဂစ်ကို ၃ ကျပ်နဲ့ တရုတ်တစ်ယွမ်ကို ၁၅ ကျပ်လောက်အထိ မြင့်တက်လာတာ ဖြစ်ပါတယ်။

 

လက်ရှိ ဇန်နဝါရီ ၂၇ ရက် စနေနေ့ နိုင်ငံခြားငွေကြေးဈေးကွက်ထဲ အမေရိကန်တစ်ဒေါ်လာ ၃၅၃၀ ကျပ်၊ တစ်ယူရို ၃၈၆၅ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၂၆၅၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၀၀.၅၀ ကျပ်၊ ဂျပန်တစ်ယန်း ၂၄.၁၆ ကျပ်၊ မလေးရှားတစ်ရင်းဂစ် ၇၅၀ ကျပ်နဲ့ တရုတ်တစ်ယွမ် ၄၉၆ ကျပ်ဖြစ်ပါတယ်။

 

ဒီလိုနိုင်ငံခြားငွေဈေး၊ စက်သုံးဆီဈေး၊ ရွှေဈေးတွေမြင့်တက်လာတာကြောင့် မီးဖိုချောင်သုံးပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေလည်း ဈေးနှုန်းလိုက်ပါ မြင့်တက်လာပါတယ်။