“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ ” (မေ ၂ ရက်မှ ၈ ရက် အထိ)

Author လင်းနွေဦး
Categories
Published on Jun 09, 2024

“US ဒေါ်လာပြန်ကျပြီး ကျန်ငွေကြေးများဆက်တက်”

 

ဒီတစ်ပတ်ရဲ့ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းတွေကတော့ အပြောင်းအလဲတွေ ဖြစ်ခဲ့ရာမှာ ဒေါ်လာ အမျိုးအစားတွေအနက် အမေရိကန် ဒေါ်လာ လဲလှယ်နှုန်းတစ်မျိုးသာ ပြန်ကျခဲ့ပြီး ကျန်နိုင်ငံခြားငွေကြေးတွေ အကုန်နီးပါး လဲလှယ်နှုန်း ဆက်လက်မြင့်တက်ခဲ့တာလို့ ပြောရမှာပါ။

 

ပြီးခဲ့တဲ့ အပတ်က တစ်ဒေါ်လာကို မြန်မာငွေ ၄၄၅၀ ကျပ်အထိလဲလှယ်ဈေးပေါက်ခဲ့တဲ့ အမေရိကန်တစ်ဒေါ်လာဟာ ဒီတစ်ပတ်မှာ ၁၃၀ ကျပ်နှုန်းပြန်လည်လျော့ကျ ခဲ့တာဖြစ်ပြီး စင်ကာပူ တစ်ဒေါ်လာကတော့ ယခင်အပတ်ထက် ၁၈၀ ကျပ် ဆက်မြင့်တက်ခဲ့တာပါ ။

 

အလားတူ ထိုင်းတစ်ဘတ်ကို ၂ ဒဿမ သုည ၆ ကျပ်နှုန်း၊ ဂျပန်တစ်ယမ်း သုည ဒဿမ ၄၃ ကျပ်နဲ့ တရုတ် တစ်ယွမ် ၂၈ ဘတ်နှုန်း မြင့်တက်ခဲ့တာဖြစ်ပြီး မလေးရှား တစ်ရင်းဂစ်ကသာ အရင်တစ်ပတ်ကထက် ၁၈ ကျပ်နှုန်း ပြန်လည် ကျဆင်းခဲ့တာဖြစ်ပါတယ်။

 

ဇွန်လ ဒုတိယအပတ်ရဲ့ ငွေကြေးလဲလှယ်နှုန်း ဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၄၃၂၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ ၃၂၁၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၁၈ ဒဿမ ၃၄ ကျပ်၊ ဂျပန် တစ်ယမ်း ၂၇ ဒဿမ ၂၂ ကျပ်၊ မလေးရှား တစ်ရင်းဂစ် ၉၁၈ ကျပ် နဲ့ တရုတ်တစ်ယွမ် ၅၉၄ ကျပ် လဲလှယ်နှုန်းရှိခဲ့ပါတယ်။