တစ်နိုင်ငံလုံးက ညအပူချိန်တွေ ဆက်လက်လျော့ကျ “ဒီကနေ့ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်”

Published on Jan 09, 2025

“ထူးခြားညအပူချိန်များ”

 

နမ့်စန်မြို့မှာ ၄ ဒီဂရီစင်တီဂရိတ်၊ တီးတိန်မြို့မှာ ၄ ဒသမ၂ ဒီဂရီစင်တီဂရိတ်၊ ဟားခါးမြို့မှာ ၅ ဒီဂရီစင်တီဂရိတ်၊ ပြင်ဦးလွင်မြို့မှာ ၆ ဒသမ ၄ ဒီဂရီစင်တီဂရိတ်၊ မြစ်ကြီးနားမြို့မှာ ၉ ဒသမ ၄ ဒီဂရီစင်တီဂရိတ်နဲ့ တောင်ကြီးမြို့နဲ့ မိုင်းယန်းမြို့တို့မှာ ၉ ဒသမ ၅ ဒီဂရီစင်တီဂရိတ်တို့ ဖြစ်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

“မြို့ကြီးများ ညအပူအချိန်”

 

ဒီကနေ့မှာတော့ နေပြည်တော်မှာ ၁၇ ကနေ ၃၀ ဒီဂရီစင်တီဂရိတ်အထိ၊ ရန်ကုန်မြို့မှာ ၁၈ ကနေ ၃၂ ဒီဂရီစင်တီဂရိတ်အထိနဲ့ မန္တလေးမြို့မှာ ၁၈ ကနေ ၃၂ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်တယ်လို့ သိရပါတယ်။

 

“ဒီကနေ့ညနေအထိ အခြေအနေ”

စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်၊ ကရင်ပြည်၊ မွန်ပြည်နဲ့ ရှမ်းပြည်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

ဒီကနေ့ နေ့လယ်အထိ ကချင်ပြည်မှာ နေရာစိပ်စိပ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ နေရာကွက်ကျား မိုးရွာနိုင်ပြီး မိုးရွာဖို့  ၆၀ ရာခိုင်နှုန်းရှိတယ်လို့ ခန့်မှန်းထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

 

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့် အတင့်ကနေ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေတယ်လို့ ဆိုပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်၊ ကရင်နီ(ကယား)ပြည်၊ ချင်းပြည်နဲ့ ရှမ်းပြည်တို့မှာ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

Related News

Depend on news