အာဂျင်တီးနား-ကနေဒါ၊ ဥရုဂွေး-ကိုလံဘီယာတို့နဲ့ ကိုပါအမေရိကရဲ့ ဆီမီးဖိုင်နယ်

Author မောင်ရှမ်း
Categories
Published on Jul 08, 2024

မနေ့ ဇူလိုင် ၇ ရက်မှာပဲ ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တွေ ပြီးဆုံးခဲ့ပါပြီ။ အဲဒီမှာ နာမည်ကျော် ဘရာဇီးလ်တို့ တစ်ယောက်လျော့ ဥရုဂွေးကို အနိုင်မယူနိုင်ခဲ့ဘဲ ပင်နယ်တီအဆုံးအဖြတ်မှာ အရှုံးပေးခဲ့ရပါတယ်။

 

ဒါကြောင့် ကွာတားအဆင့်ကပဲ ဘရာဇီးလ်တို့ လှည့်ပြန်သွားခဲ့ရလို့ ဆီမီးဖိုင်နယ်မှာ ဥရုဂွေး-ကိုလီဘီယာနဲ့ ကနေဒါ-အာဂျင်တီးနားတို့ အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်ကြတာကို စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။

 

အဲဒီဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ ဇူလိုင် ၁၁ ရက်နေ့မှာ ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ ဇူလိုင် ၁၅ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

 

ဒီတော့ ကနေဒါနဲ့တွေ့မယ့် လက်ရှိချန်ပီယံ အာဂျင်တီးနားပဲ နှစ်ထပ်ကွမ်းချန်ပီယံဖြစ်ခွင့် လက်မှတ်ဖြစ်တဲ့ ဗိုလ်လုပွဲရောက်သွားမလား။ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူဟောင်း ဂျိမ်းစ် ရိုဒရီဂွက်စ်ရဲ့ ကိုလံဘီယာနဲ့ လီဗာပူးလ်ကစားသမား နုညက်ဇ်ရဲ့ ဥရုဂွေးတို့ပွဲစဉ်မှာရော ဘယ်အသင်း ဗိုလ်လုပွဲတက်သွားမလဲ။ အသင်းတိုင်းမှာတော့ အခွင့်အရေးကိုယ်စီ ရှိနေကြပါတယ်။

 

ဒီတော့ ဘာမဆိုဖြစ်လာနိုင်တဲ့ဘောလုံးပွဲစဉ်တွေမှာ ဘယ်အသင်းတွေ ဗိုလ်လုပွဲတက်ပြီး ချန်ပီယံဖြစ်သွားမလားဆိုတာ စောင့်ကြည့်ချင်စရာပါပဲ။

 

ဓာတ်ပုံ – Marca