“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (ဒီဇင်ဘာ ၂ ရက်ကနေ ၇ ရက်နေ့အထိ)

Published on Dec 08, 2024

“အဖွင့်ဈေးအတိုင်းပိတ်တဲ့ရွှေဈေး”

 

ဒီတစ်ပတ်ထဲ ပြည်တွင်းရွှေဈေး အတက်အကျများခဲ့ပေမဲ့ အဖွင့်နေ့ကဈေးနီးပါးအတိုင်း ပြန်လည်ပိတ်သွားတာ တွေ့ရပါတယ်။

 

ဒီဇင်ဘာပထမပတ် ရွှေဈေးကွက်အတွင်း အဖွင့်နေ့ တနင်္လာမှာ အကယ်ဒမီ မီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သား သိန်း ၆၀ ငါးသောင်းနဲ့ အနိမ့်ဆုံးဖြစ်ပေါ်ခဲ့ပါတယ်။ အမြင့်ဆုံးဈေးကတော့ ကြာသပတေးနေ့မှာ တစ်ကျပ်သား ၆၁ သိန်းခြောက်သောင်းအထိမြင့်တက်ခဲ့တာတွေ့ရပါတယ်။

 

ဒါပေမဲ့ တစ်ပတ်လုံးအတိုင်းအတာနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ်တစ်သောင်း မြင့်တက်သွားတာတွေ့ရပါတယ်။

 

စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ရည်ညွှန်းဈေးတွေကတော့ တစ်ပတ်အတွင်း တစ်ကျပ်သားကို တစ်သိန်းနီးပါးကျဆင်းသွားတာ တွေ့ရပါတယ်။

 

ကမ္ဘာ့ရွှေဈေးနှုန်းတွေကတော့ ဒီတစ်ပတ်ထဲ အတက်အကျတွေများခဲ့ပေမဲ့ တစ်အောင်စကို အမေရိကန် ၄ ဒေါ်လာလောက် မြင့်တက်သွားတာ တွေ့ရပါတယ်။

 

ဒီတစ်ပတ် စနေနေ့ ရွှေဈေးနှုန်းတွေကတော့ အကယ်ဒမီမီးလင်းရွှေ ၁၅ ပဲရည်တစ်ကျပ်သား ၅၇ သိန်း ငါးသောင်းကျပ်၊ ၁၆ ပဲရည်တစ်ကျပ်သား ၆၁ သိန်းတစ်သောင်းဈေးရှိပြီး YGEA ရည်ညွှန်းဈေးကတော့ ၁၆ ပဲရည်တစ်ကျပ်သား ၅၃ သိန်း သုံးသောင်းကျပ်ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေတစ်အောင်စ အမေရိကန် ၂၆၃၃ ဒေါ်လာဖြစ်ပါတယ်။

 

Source – Myanmar Market Price