“ဒီတစ်ပတ် ကျပ်ငွေအပြောင်းအလဲ” (ဒီဇင်ဘာလ ၂ ရက်ကနေ ၇ ရက်နေ့အထိ)

Author အကြင်နာ
Categories
Published on Dec 08, 2024

“ဘတ်နဲ့ ရင်းဂစ်ဈေးတက်ပြီး ဒေါ်လာနဲ့ ယွမ်ဈေးကျ”

 

ဒီတစ်ပတ်ထဲ နိုင်ငံခြားငွေဈေးတွေ လားရာမတူကြဘဲ အတက်အကျတွေဖြစ်ပေါ်ခဲ့သလို ဈေးငြိမ်တဲ့ငွေကြေးတွေလည်းရှိခဲ့တာတွေ့ရပါတယ်။

 

ထိုင်းတစ်ဘတ်ကို တစ်ဘတ်ကျော်၊ မလေးရှားတစ်ရင်းဂစ် ငါးကျပ်မြင့်တက်ပေမဲ့ အမေရိကန်တစ်ဒေါ်လာ ၂၀ ကျပ်နဲ့ တရုတ်တစ်ယွမ် ငါးကျပ်ကျဆင်းတာတွေ့ရပါတယ်။ စင်ကာပူဒေါ်လာဈေးနှုန်းကတော့ အဖွင့်ဈေးအတိုင်း ပိတ်သွားတာတွေ့ရပါတယ်။

 

စစ်ကောင်စီဗဟိုဘဏ်ရဲ့ အွန်လိုင်းငွေကြေးဈေးကွက်(FX)ကနေ ဒီဇင်ဘာ ၂ ရက် တနင်္လာနေ့မှာ အမေရိကန်တစ်ဒေါ်လာ ၃၅၈၅ ကျပ်နှုန်းနဲ့ ၃၈ သန်းကျော်၊ တရုတ်တစ်ယွမ် ၅၃၃ ဒသမ ၆၀ ကျပ်နှုန်းနဲ့ ၁ ဒသမ ၄၈ သန်းကျော်နဲ့ ထိုင်းတစ်ဘတ် ၁၂၉ ကျပ်နှုန်းနဲ့ ၁၀၇ သန်းကျော်ရောင်းချပေးခဲ့တယ်လို့ ကြေညာထားပါတယ်။

 

ဒီဇင်ဘာ ၃ ရက်ကနေ ၆ ရက်နေ့အထိ လေးရက်ဆက်တိုက် တရုတ်တစ်ယွမ် ၅၃၃ ဒသမ ၆၀ ကျပ်နှုန်းနဲ့ စုစုပေါင်း ယွမ် ၅ ဒသမ ၅ သန်းခန့် ထပ်မံထုတ်ရောင်းထားတယ်လို့ သိရပါတယ်။

 

ဒီဇင်ဘာ ၆ ရက် သောကြာနေ့မှာ အမေရိကန်တစ်ဒေါ်လာ ၅၃၅၈ ကျပ်နှုန်းနဲ့ ကန်ဒေါ်လာ ၁၅ သန်းနဲ့ ထိုင်းတစ်ဘတ် ၁၂၉ ကျပ်နှုန်းနဲ့ သန်း ၂၀၀ ရောင်းချပေးခဲ့တယ်လို့ စစ်ကောင်စီဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

စနေနေ့ငွေကြေးဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာ ၄၄၅၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၃၇၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၁ ကျပ်ကျော်၊ ဂျပန်တစ်ယမ်း ၃၀ ကျပ်နီးပါး၊ မလေးရှားတစ်ရင်းဂစ် ၁၀၁၅ ကျပ်နဲ့ တရုတ်တစ်ယွမ် ၆၁၆ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။

 

 

Source – Myanmar Market Price