“ဒီကနေ့ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်”

Published on Jan 08, 2025

“ညအပူချိန်”

 

ဒီနှစ် ၂၀၂၅၊ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ လာနီညာဖြစ်နိုင်ခြေ ၅၉ ရာခိုင်နှုန်း ရှိနေပြီး မတ်၊ ဧပြီနဲ့ မေလတွေမှာ ပုံမှန်ဖြစ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

 

ဒီနှစ်ဆောင်းရာသီမှာ လွန်ကဲတဲ့ အအေးလှိုင်းဖြစ်ပေါ်မှုမျိုး မြန်မာနိုင်ငံမှာ ဖြစ်ပေါ်မယ့်အခြေအနေ မရှိဘူးလို့ သိရပါတယ်။

 

ဒီကနေ့မှာတော့ မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်မှာ နေရာစိပ်စိပ် မိုးအနည်းငယ်ရွာနိုင်ပြီး မိုးရွာဖို့ ၇၅ ရာခိုင်နှုန်းကနေ ရာနှုန်းပြည့် အထိ ရှိနေပေမဲ့ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ မိုးရွာနိုင်ချေမရှိဘူးလို့ ဦးဝင်းနိုင်က ခန့်မှန်း ထားပါတယ်။

 

“ထူးခြားညအပူချိန်များ”

 

ပြင်ဦးလွင်မြို့မှာ ၄ ဒသမ ၆ ဒီဂရီစင်တီဂရိတ်၊ ပူတာအိုမြို့မှာ ၅ ဒီဂရီစင်တီဂရိတ်၊ နမ့်စန်မြို့မှာ ၆ ဒသမ ၈ ဒီဂရီစင်တီဂရိတ်၊ လွိုင်လင်မြို့မှာ ၇ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ ပင်လောင်းမြို့မှာ ၁၀ ဒီဂရီစင်တီဂရိတ်တို့ဖြစ်တယ်လို့ စစ်ကောင်စီမိုးဇလက ဆိုထားပါတယ်။

 

“မြို့ကြီးများ ညအပူအချိန်”

 

နေပြည်တော်မှာ ၁၇ ကနေ ၃၁ ဒီကရီစင်တီဂရိတ်အထိ၊ ရန်ကုန်မြို့မှာ ၁၇ ကနေ ၃၂ ဒီဂရီစင်တီဂရိတ်အထိနဲ့ မန္တလေးမြို့မှာ ၁၈ ကနေ ၃၂ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

“မိုးလေဝသအခြေအနေ”

 

စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ ကချင်ပြည်မှာ နေရာကျဲကျဲနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ နေရာကွက်ကျား မိုးရွာဖို့ ၆၀ ရာခိုင်နှုန်းရှိတယ်လို့ ခန့်မှန်းထားပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းမယ်လို့ စစ်ကောင်စီ မိုးဇလက ခန့်မှန်းထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

 

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေတယ်လို့ စစ်ကောင်စီမိုးဇလက ထုတ်ပြန်ထားပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

 

မြန်မာ့ပင်လယ်ပြင်မှာတော့လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”

 

ကချင်ပြည်၊ ကရင်နီ(ကယား)ပြည်၊ ချင်းပြည်နဲ့ ရှမ်းပြည်တို့မှာ ညအပူချိန်အနည်းငယ် လျော့နည်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

Related News

Depend on news