“ဒီတစ်ပတ် ရွှေဈေး အတက်အကျ” (ဇွန် ၃၀ မှ ဇူလိုင် ၆ ရက်အထိ)

Author လဂွန်းအိမ်
Categories
Published on Jul 06, 2024

“ပြည်တွင်းရွှေဈေး ပြန်ထိုးတက်”

 

အရင်အပတ်က အနည်းငယ်ကျတဲ့ ပြည်တွင်းရွှေဈေးဟာ အခုအပတ်မှာတော့ သိန်းနဲ့ချီထိုးတက်လာခဲ့ပါတယ်။ အလားတူ ဒီတစ်ပတ်ထဲ ကမ္ဘာ့ရွှေဈေး ဆက်လက်မြင့်တက်ခဲ့ပြန်ပါတယ်။

 

ဈေးကွက် ဝယ်လိုအားနဲ့ ရောင်းလိုအားပေါ်မူတည်ပြီး ပြင်ပရွှေဈေးတွေ ပြောင်းလဲခဲ့ပေမဲ့ စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း(YGEA)ရဲ့ သတ်မှတ်ဈေးကတော့ အပြောင်းအလဲမရှိခဲ့ဘဲ အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သား ၄၅ သိန်းဝန်းကျင်ပဲရှိခဲ့ပါတယ်။

ပြင်ပရွှေဈေးကွက်ထဲ တစ်ပတ်အတွင်း ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၃ သိန်းကျော်မြင့်တက်ခဲ့ပါတယ်။

 

ကမ္ဘာ့ရွှေဈေးကွက်ထဲ ပြီးခဲ့တဲ့အပတ်စနေမှာ တစ်အောင်စကို အမေရိကန် ၂၃၂၆ ဒေါ်လာနဲ့ ဈေးကွက်ပိတ်ခဲ့ရာကနေ ဒီတစ်ပတ်မှာတော့ ၂၃၉၁ ဒေါ်လာအထိ တက်လာခဲ့တာကို တွေ့ရပါတယ်။

ဇူလိုင်လ ၆ ရက် စနေနေ့ ပြင်ပဈေးကွက်ထဲ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၅၅ သိန်း ငါးသောင်းကျပ်၊ ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၅၂ သိန်း တစ်သောင်းကျပ်ဈေးရှိခဲ့ပါတယ်။