စစ်ကောင်စီ၏ မန္တလေးမြို့တော်ဝန် သင်္ကြန်မဏ္ဍပ်အနီးရှိ အဝင်မုတ်ဦး ပြိုကျ

Author အညာသား
Categories
Published on Apr 07, 2024

မန္တလေးတွင် ယနေ့ ဧပြီ ၇ရက် ည ၇နာရီဝန်းကျင်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ကျုံးတောင်ဘက် ၇၃လမ်းနှင့် ၂၆လမ်းထောင်ရှိ သင်္ကြန်မုတ်ဦးပြိုကျကာ ကားနှစ်စီး ထိခိုက်သွားကြောင်း  မြို့ခံများထံမှ သိရသည်။

“စဖြစ်တဲ့အချိန်မှာတော့ လမ်းအသွားအလာကားတွေ အနေနဲ့ ရှောင်မောင်းသွားရတာပေါ့။ အခုဖြစ်တဲ့နေရာက မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်နဲ့လည်း နီးသလို နန်းတွင်းထဲဝင်တဲ့ တောင်ဘက်ပေါက် မင်္ဂလာတံတားနဲ့လည်း နီးတယ်”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

 

မုတ်ဦးပြိုကျမှုကြောင့် ပြည်သူများ ထိခိုက်မှု ရှိမရှိကိုမူ CJ Platform အနေဖြင့် သီးခြား စုံစမ်းဆဲဖြစ်သည်။

စစ်ကောင်စီသည် ယခုနှစ် မန္တလေးသက်ြန်ကို ယခင်နှစ်များကထက် စည်ကားရန်အတွက် ကျုံးပတ်လည်တွင် မဏ္ဍပ်များပို မိုဆောက်လုပ်စေပြီး မဏ္ဍပ်ဆောက်လုပ်ချင်သူများအနေဖြင့် အခွန်ပေးဆောင်ရန်မလိုပဲ ဆောက်ခွင့်ပေးထားသည်ဟု သိရသည်။

 

ဓာတ်ပုံ – လူမူကွန်ရက်