“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (မတ်လ ၃၁ ရက်မှ ဧပြီ ၆ရက်အထိ)

Author လင်းနွေဦး
Categories
Published on Apr 07, 2024

“အကုန် ပြန်ကျတဲ့ နိုင်ငံခြားငွေကြေးများ”

 

ဒီတစ်ပတ်မှာတော့ မတ်လ နှောင်းပိုင်း ရက်သတ္တပတ်များမှ စတင်ကာ မြင့်တက်ခဲ့တဲ့ နိုင်ငံခြားငွေကြေးတွေ ပြန်လည်ကျဆင်းခဲ့တာပါ။

 

ရွှေဈေးနှုန်း အင်မတန် မြင့်မားလာမှုကို အားနာသည့်အလား နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းတွေက ပြန်လည်ကျဆင်းခဲ့တာ ဖြစ်ပြီး ဈေးကွက်အတွင်း လိုအပ်သလောက် လဲလှယ်မှုတွေ လုပ်လို့မရဘဲ ပမာဏ ကန့်သတ်မှုတွေရှိနေကြောင်း ငွေကြေးလဲလှယ်မှု လုပ်ကိုင်တဲ့ အေးဂျင့်များနဲ့ ဒေသခံပြည်သူများထံမှ သိရပါတယ်။

 

တစ်ဒေါ်လာ ၃၉၀၀ နီးပါးအထိ တက်ခဲ့တဲ့ အမေရိကန်တစ်ဒေါ်လာ လဲလှယ်နှုန်းဟာ ကျပ် ၅၀ တိတိ ပြန်လည်ကျဆင်းခဲ့သလို စင်ကာပူ တစ်‌ဒေါ်လာ လဲလှယ်နှုန်းက လည်း ကျပ် ၂၀ အထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။

 

အလားတူ ထိုင်းတစ်ဘတ် ကို ၃ ဒဿမ ၄ သုည ကျပ်၊ ဂျပန် တစ်ယမ်း သုည ဒဿမ ၇၄ ကျပ်၊ မလေးရှား တစ်ရင်းဂစ် ၁၈ ကျပ် နဲ့ တရုတ်တစ်ယွမ် ၉ ကျပ်အထိ အသီးသီး ဈေးကျခဲ့တာပါ။

 

ဧပြီလ ပထမအပတ် နိုင်ငံခြားငွေလဲလှယ်နှုန်း အပိတ် ဈေးနှုန်းတွေကတော့ အမေရိကန် တစ်ဒေါ်လာ ၃၈၄၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ ၂၈၀၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၀၄ ဒဿမ ၇၁ ကျပ်၊ ဂျပန် တစ်ယမ်း ၂၅ ဒဿမ ၂၉ ကျပ်၊ မလေးရှား တစ်ရင်းဂစ် ၈၆၅ ကျပ် နဲ့ တစ်ရုတ် တစ်ယွမ် ၅၁၈ ကျပ် ဈေးရှိခဲ့ပါတယ်။