“ဒီတစ်ပတ် ရွှေဈေး အတက်အကျ” (မတ်လ ၃၁ ရက်မှ ဧပြီ ၆ ရက်အထိ)

Author လင်းနွေဦး
Categories
Published on Apr 07, 2024

“အတက်ကြမ်းဆဲ ရွှေဈေးနှုန်းတွေနဲ့ မြန်မာပြည်”

 

မြန်မာပြည် ရွှေဈေးသမိုင်းရဲ့ အမြင့်ဆုံးဈေးနှုန်းလို့ ပြောရမဲ့ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၄၅ သိန်း အထိ မတ်လ နှောင်းပိုင်း ရက်သတ္တပတ်များမှာ ရောက်ရှိခဲ့ပြီးနောက် ဧပြီလ ပထမအပတ်ထိ ပြန်လည်ကျဆင်းခြင်း မရှိသေးပါဘူး။

 

အလားတူ ကမ္ဘာ့ရွှေဈေးကလည်း ဒီတစ်ပတ်မှာ တစ်အောင်စကို အမေရိကန် ၉၇ ဒေါ်လာထိ ဆက်တက်ခဲ့ပြီး  တစ်အောင်စကို အမေရိကန် ဒေါ်လာ ၂၃၀၀ ကျော်အထိ ဈေးနှုန်းရောက်ခဲ့တာပါ။

 

မြန်မာ့ရွှေအမျိုးအစားတွေဖြစ်တဲ့ ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားနဲ့ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ဈေးနှုန်း တွေဟာ ဒီတစ်ပတ်မှာ ၃ သောင်းကျပ်စီ တူညီစွာ ဈေးတက်လာခဲ့ပါတယ်။

 

စစ်ကောင်စီလက်အောက်ခံ ရန်ကုန် ရွှေလုပ်ငန်းရှင်ကြီးများအသင်း (YGEA)ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာတော့ အကယ်ဒမီ မီးလင်းရွှေ (၁၆ ပဲရည် အခေါက်ရွှေ) တစ်ကျပ်သား ဈေးနှုန်းကို ၃၉ သိန်း ၉ သောင်း ၈ထောင့် ၉ ရာ လို့ဖော်ပြထားပေမဲ့ မြေပြင်ဈေးကွက် ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ပါက အဆမတန် ကွာဟချက်များ ရှိနေပါတယ်။

 

ဧပြီ ၆ ရက် စနေ့နေ့ အတွက် ရွှေဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၄၅ သိန်း ၄ သောင်း ကျပ် ၊ ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၄၂ သိန်း ၇ သောင်း ကျပ်နဲ့ ကမ္ဘာ့ရွှေ တစ်အောင်စကို အမေရိကန် ၂၃၂၉ ဒေါ်လာ ဈေးရှိခဲ့ပါတယ်။