သစ်ရွက်၊ပန်းအစစ်တွေနဲ့ ရေးဆွဲထားတဲ့ တော်လှန်အနုပညာပြပွဲ မဲဆောက်မှာလုပ်မယ်

Author မင်းသိမ်း
Categories
Published on Feb 06, 2025

ထိုင်းနိုင်ငံ မဲဆောက်မြို့ Borderline Shop  မှာ သစ်ရွက်၊ ပန်းအစစ်တွေနဲ့ ပန်းချီရေးဆွဲ ပုံပေါ်ထားတဲ့ “တော်လှန်ရေး လှေခါးထစ်များ” အနုပညာပြပွဲကို ဖေဖော်ဝါရီ ၁၁ရက်မှာ ကျင်းပသွားမယ်လို့ ပွဲစီစဉ်သူတွေဆီကနေ သိရပါတယ်။

အဲဒီပြပွဲကို ဖေဖေါ်ဝါရီ ၁၅ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ပြီး နေ့စဉ် မနက် ၁၀နာရီကနေ ည ၉ နာရီ အထိ ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

ပြပွဲအတွင်း သဘာဝသစ်ရွက်တွေပေါ်မှာ ပုံဖော်ထားတဲ့ပန်းချီတွေ၊ ပန်းအစစ်တွေနဲ့ ပုံဖော်ထားတဲ့ပန်းချီကားတွေ ထည့်သွင်းပြသသွားမှာဖြစ်ပြီး တော်လှန်ရေးအတွင်း ထင်ရှားကျော်ကြားတဲ့ တော်လှန်ရေးခေါင်ဆောင်တွေနဲ့ တော်လှန်ရေးအတွင်း ထင်ရှားတဲ့ဖြစ်ရပ်တွေကို ပုံဖော်ထားတဲ့ ပန်းချီကားတွေလည်း ပါဝင်ပြသသွားမယ်လို့ သိရပါတယ်။

“ကျွန်တော်ရဲ့ ဖန်တီးမှုကတော့ ပန်းအစစ်တွေကို ရေငွေ့ဖယ်ပြီးတော့ ပြန်ပြီးတော့ ပုံဖော်ထားတာပေါ့

အခြားအရာတွေမပါဘူးဗျ ဒီကရတဲ့ အကျိုးအမြတ်တွေအားလုံးကို ကျွန်တော်တို့ စစ်ကြောင်းရဲ့

ရှေ့တန်းရဲဘော်တွေအတွက် ဖြည့်ဆည်းပေးသွားမှာ ဖြစ်ပါတယ်ဗျ” လို့ ဦးဆောင်ကျင်းပသူ ကိုမင်းသက်ထက်အောင်က CJ Platform ကို ပြောပါတယ်။

 

 

ဓါတ်ပုံ – Pressed flower artist-Myanmar

 

 

 

Related News

Depend on news