ဒေါပုံတံတားပေါ်မှာ ကျောင်းကားနဲ့ လိုက်ထရပ်တိုက်မိလို့ ကျောင်းသား ၈ ဦး ဒဏ်ရာရ

Author ကိုထက်
Categories
Published on Jun 05, 2024

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်နဲ့ ‌ဒေါပုံမြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ‌ဂျပန်တံတားပေါ်မှာ ဒီကနေ့(ဇွန်လ ၅)ရက် နေ့လယ်ပိုင်းမှာ ကျောင်းကြိုပို့ Mini Bus နဲ့ Light Truck မော်တော်ကားတို့တိုက်မိလို့ ကျောင်းသား ရှစ်ဦး ဒဏ်ရာရသွားတယ်လို့ ရှင်သန်ရေးလူမှုကူညီရေးအသင်းဆီကနေ သိရပါတယ်။

 

ဒီနေ့ နေ့လယ် ၃ နာရီလောက်က ဒေါပုံဘက်အခြမ်းမှာ တိုက်မိကြတာဖြစ်ပြီးတော့ ကျောင်းသား ငါးဦး၊ ကျောင်းသူ သုံးဦး ဒဏ်ရာရခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့ အဲဒီအသင်းမှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“ဒေါပုံဘက်အခြမ်းမှာ တိုက်တာ။ ကလေးတွေက မူးမေ့ရုံပါပဲ။ အရမ်းမစိုးရိမ်ရပါဘူး” လို့ ယာဉ်တိုက်မှုကို သွားရောက်ခဲ့တဲ့ ၎င်းက ပြောပါတယ်။

 

ဒဏ်ရာရတဲ့ကလေးတွေကို ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်လိုက်တယ်လို့ ရှင်သန်ရေးလူမှုကူညီရေးအသင်းဆီကနေ သိရပါတယ်။

 

အဲဒီဒေါပုံတံတားဟာ ယာဉ်မတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားတဲ့နေရာဖြစ်ကာ အခုလိုမိုးတွင်းကာလမှာ ဖြတ်သန်းသွားလာတဲ့ ကားတွေစလစ်ဖြစ် အချင်းချင်းတိုက်မိတာမျိုးတွေ ဖြစ်နေကျပဲလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့မတ်လကလည်း အဲဒီတံတားပေါ်မှာ YBS အမှတ် ၁၃၉ နဲ့ အိမ်စီးကားတို့ ရှောင်တိမ်းရာမှာ YBS ယာဉ် တိမ်းမှောက်မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ခရီးသည်တွေဒဏ်ရာရတာခဲ့ပါ‌သေးတယ်။

 

ဓာတ်ပုံ – ရှင်သန်ရေးလူမှုကူညီရေးအသင်း

 

Related News

Depend on news