“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (၂၀၂၄ ဒီဇင်ဘာ ၃၀ ရက်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့အထိ)

Published on Jan 05, 2025

“မြင့်တက်လာတဲ့ ရွှေဈေး”

 

ကျပ်သိန်း ၆၀ အပေါ်မှာ သုံးပတ်ဆက်တဝဲလည်နေတဲ့ ပြည်တွင်းရွှေဈေးနှုန်းတွေဟာ ဒီတစ်ပတ်ထဲမှာ ထပ်မံမြင့်တက်လာတာတွေ့ရပါတယ်။

 

ပြီးခဲ့တဲ့အပတ်က ပိတ်ဈေးနှုန်းအတိုင်း ဒီတစ်ပတ်မှာလည်း ဈေးနှုန်းစဖွင့်ခဲ့ပေမဲ့ အင်္ဂါနေ့ကစတင်ပြီး ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။

 

ဒီတစ်ပတ် ပြင်ပရွှေဈေးကွက်ထဲ နှစ်သစ်ကူးရုံးပိတ်ရက်တွေရှိနေပေမဲ့ အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားကို ကျပ် တစ်သိန်းကျော် မြင့်တက်သွားတာတွေ့ရပါတယ်။

 

စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ရည်ညွှန်းသတ်မှတ်ဈေးနှုန်းလည်း ဒီတစ်ပတ်ထဲ ၁၆ ပဲရည်တစ်ကျပ်သားကို ငါးသောင်းကျပ်မြင့်တက်တာကို တွေ့ရပါတယ်။

 

ကမ္ဘာ့ရွှေဈေးကွက်ထဲမှာတော့ ရွှေဈေးနှုန်းတွေ တစ်ပတ်အတွင်း တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၀ နီးပါးအထိ မြင့်တက်ခဲ့ပါတယ်။

 

စနေနေ့ ရွှေဈေးနှုန်းတွေကတော့ အကယ်ဒမီမီးလင်းရွှေ ၁၅ ပဲရည်တစ်ကျပ်သား ကျပ် ၅၈ သိန်း ခြောက်သောင်းခွဲ၊ ၁၆ ပဲရည်တစ်ကျပ်သား ၆၂ သိန်း သုံးသောင်းကျပ်၊ YGEA ရည်ညွှန်းဈေး ၁၆ ပဲရည်တစ်ကျပ်သား ၅၃ သိန်း သုံးသောင်းကျပ်ဈေးဖြစ်ပါတယ်။

 

Source – Myanmar Market Price