“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (ဇန်နဝါရီ ၂၀ ရက်ကနေ ၂၅ ရက်နေ့အထိ)

“ကမ္ဘာ့ရွှေဈေးထပ်တက်လို့ အမြင့်ဈေးမှာ ဆက်ရှိနေတဲ့ ရွှေဈေး”
ပြင်ပရွှေဈေးနှုန်းတွေဟာ ဒီနှစ် ၂၀၂၅၊ နှစ်ဦးပိုင်းကစတင်ပြီး အမြင့်ဘက်ကို စတင်ရောက်ရှိနေတာ အခု ဇန်နဝါရီနောက်ဆုံးပတ်ထဲအထိ အမြင့်မှာပဲ ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။
အကယ်ဒမီ မီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သား ၆၅ ဝန်းကျင်အထိမြင့်တက်လာခဲ့တာဟာ ဒီတစ်ပတ်မှာ အဲဒီဈေးဝန်းကျင်မှာပဲ ဆက်လက်ဖြစ်ပေါ်နေခဲ့တာတွေ့ရပါတယ်။
ဒီတစ်ပတ်ထဲ အမြင့်ဆုံးအနေနဲ့ အင်္ဂါနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ၁၆ ပဲရည်တစ်ကျပ်သား ၆၆ သိန်းနီးပါးအထိမြင့်တက်ခဲ့ပေမဲ့ အပိတ်နေ့ စနေမှာတော့ တစ်ကျပ်သား ၆၄ သိန်း ခုနစ်သောင်းကျပ်ကို ပြန်လည်ကျဆင်းခဲ့ပါတယ်။ တစ်ပတ်လုံးအတိုင်းအတာအရ တစ်ကျပ်သားကို ကျပ်သုံးသောင်းကျဆင်းသွားပါတယ်။
စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ရည်ညွှန်းရွှေဈေးနှုန်းတွေလည်း ဒီတစ်ပတ်ထဲ ၁၆ ပဲရည်တစ်ကျပ်သားကို လေးသောင်းကျပ် ထပ်မံမြင့်တက်လာတာတွေ့ရပါတယ်။
တစ်ဖက်မှာလည်း ကမ္ဘာ့ရွှေဈေးကွက်ထဲ ရွှေဈေးနှုန်းတွေ ဆက်လက်မြင့်တက်လာပြီး ဒီတစ်ပတ်တနင်္လာနေ့က တစ်အောင်စ အမေရိကန်ဒေါ်လာ ၂၇၀၀ ခန့်ကနေ စနေနေ့မှာတော့ ၂၇၇၀ ကျော်အထိမြင့်တက်ခဲ့တဲ့အတွက် တစ်အောင်စကို အမေရိကန်ဒေါ်လာ ၇၀ ကျော်အထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
စနေနေ့ ရွှေဈေးနှုန်းတွေကတော့ အကယ်ဒမီမီးလင်းရွှေ ၁၅ ပဲရည်တစ်ကျပ်သား ကျပ်သိန်း ၆၀ နဲ့ ရှစ်သောင်းကျပ်၊ ၁၆ ပဲရည်တစ်ကျပ်သား ၆၄ သိန်းနဲ့ ခုနစ်သောင်းကျပ်၊ YGEA ရည်ညွှန်းဈေးကတော့ ၁၆ ပဲရည်တစ်ကျပ်သား ၅၄ သိန်းနဲ့ ငါးသောင်းကျပ်ဈေးဖြစ်ပါတယ်။
Source – Myanmar Market Price