နိုင်ငံရေးရောယှက်တဲ့ အောင်ပွဲခံဟန်အတွက် တူရကီကစားသမား စစ်ဆေးခံနေရ

Author မောင်ရှမ်း
Categories
Published on Jul 04, 2024

ဥရောပနိုင်ငံတွေရဲ့ပြိုင်ပွဲကြီး ယူရို ၂၀၂၄ ကတော့ ကွာတားဖိုင်နယ်အဆင့်ကို ရောက်နေပါပြီ။ ကစားခဲ့တဲ့ ၁၆ သင်းအဆင့် တူရကီ-ဩစတြီးယားပွဲစဉ်ထဲ ဂိုးသွင်းပြီးအောင်ပွဲခံတဲ့ တူရကီနောက်ခံလူ ဒီမီရယ်လ်ကတော့ သူ့ရဲ့အောင်ပွဲခံဟန်ကြောင့် UEFA ရဲ့ စုံစမ်းစစ်ဆေးခံနေရပါပြီ။

 

တူရကီက ၂ ဂိုး ၁ ဂိုးနဲ့နိုင်ခဲ့တဲ့ပွဲစဉ်မှာ သူ့ရဲ့အောင်ပွဲခံပုံစံက နိုင်ငံရေးနောက်ခံပါဝင်ပတ်သက်နေတယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က ယူဆခဲ့လို့ပါ။ ပြစ်မှုမြောက်ရင် တူရကီကစားသမားဟာ ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ကြေးငွေဆောင်ရတာမျိုးတွေအထိ ရှိလာနိုင်ပါတယ်။

 

ဒီမီရယ်လ်ဟာ ဩစတြီးယားနိုင်ငံမှာ ခွင့်မပြုတဲ့ ခရမ်းရောင်ဝံပုလွေ အလေးပြုဟန်နဲ့ ဂိုးသွင်းပြီးတဲ့နောက် အောင်ပွဲခံခဲ့တာပါ။ ဒီဟန်ကို တူရကီနိုင်ငံမှာ Ulku Ocaklari လို့ ခေါ်ပြီး တူရကီ သမ္မတ အာဒိုဂန်ရဲ့ အာဏာရ တရားမျှတမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ပေါင်းစည်းထားတဲ့ အမျိုးသားရေးလှုပ်ရှားမှုပါတီရဲ့ လူငယ်လှုပ်ရှားမှုမှာ အသုံးပြုပါတယ်။

 

ဒီအဖွဲ့အစည်း အားပေးတဲ့သူတွေကို ယူရို ၂၀၂၄ အိမ်ရှင် ဂျာမနီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစွန်းရောက်တွေလို့ သတ်မှတ်ထားပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့ကလည်း အလားတူပါပဲ။

 

ဒီမီရယ်လ်ရဲ့အောင်ပွဲခံဟန်ကို ထိရောက်တဲ့အရေးယူမှုမျိုး လုပ်ဆောင်ပေးဖို့ ဂျာမနီပြည်ထဲရေးဝန်ကြီး နန်စီ ဖေးဆာကလည်း ယူအီးအက်ဖ်အေကို တောင်းဆိုထားတယ်လို့ သိရှိရပါတယ်။

 

ကိုးကား – Daily Mail

 

ဓာတ်ပုံ – Daily Mail