တစ်လတာအတွင်း ဘာအလုပ်မှ မလုပ်တဲ့ ဝန်ကြီးတွေ

Author CJ Platform
Categories
Published on May 04, 2025

အင်အားပြင်းငလျင်လှုပ်ခတ်မှုအပြီး လူမြင်ကွင်းကနေ ပျောက်ကွယ်နေသည့် စစ်ကောင်စီခန့် ဝန်ကြီး ငါးဦးထိ ရှိနေသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သွားရာနေရာကို အပါးတော်လိုက်ကာ အချိန်ကုန်လေ့ရှိပြီး ပြည်သူလူထုနှင့် တွေ့ဆုံမှု မရှိသူများဖြစ်သည်။

ငလျင်လှုပ်ခတ်မှုအပြီး တစ်လတာကာလတွင် စစ်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့ ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယပြည်ထောင်စုဝန်ကြီးနှင့် အတွင်းဝန်များသည် ပြည်သူလူထုနှင့် တွေ့ဆုံမှုမှာ စုစုပေါင်း (၈၈)ကြိမ်သာ လုပ်ဆောင်ခဲ့သော်လည်း စစ်ဘက်ဆိုင်ရာနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို တွေ့ဆုံမှုသည် (၃၇၂) ကြိမ်ရှိခဲ့သည်။ နိုင်ငံတကာသံတမန်များ၊ နိုင်ငံတကာအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံမှုကို (၈၇)ကြိမ်သာ လုပ်ခဲ့သည်။

 

ငလျင်အပြီး တစ်လတာမှာ စစ်ကောင်စီ ဘာတွေလုပ်ခဲ့လဲ ?

https://drive.google.com/file/d/1llcP7wYWab0kaAFU3ndKVWJh9YmQQltL/view?usp=drive_link