ရှေးဟောင်းအဆောက်အဦတွေ ပြိုပျက်နေချိန်မှာ သာ/ယဉ် ဝန်ကြီးတွေ ဘာလုပ်နေလဲ

အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် ရှေးဟောင်းစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများစွာ ပျက်စီးဆုံးခဲ့ရသည်။ ဘုန်းကြီးကျောင်းနဲ့သီလရှင်ကျောင်း (၅၄၇၄) ကျောင်း၊ စေတီပုထိုး (၅၃၄၂) ဆူ၊ ဘာသာရေးအဆောက်အဦ (၆၁၃) လုံး ပျက်စီးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။ စစ်ကောင်စီခန့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးများသည် ရေနန်းဟု ဆိုသည့် လူမှုကွန်ရက်တွင် ပေါ်ပြူလာဖြစ်မှုကို ဦးတည်လုပ်ဆောင်ခဲ့ကြသည်။
ငလျင်လှုပ်ခတ်မှုအပြီး တစ်လတာကာလတွင် စစ်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့ ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယပြည်ထောင်စုဝန်ကြီးနှင့် အတွင်းဝန်များသည် ပြည်သူလူထုနှင့် တွေ့ဆုံမှုမှာ စုစုပေါင်း (၈၈)ကြိမ်သာ လုပ်ဆောင်ခဲ့သော်လည်း စစ်ဘက်ဆိုင်ရာနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို တွေ့ဆုံမှုသည် (၃၇၂) ကြိမ်ရှိခဲ့သည်။ နိုင်ငံတကာသံတမန်များ၊ နိုင်ငံတကာအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံမှုကို (၈၇)ကြိမ်သာ လုပ်ခဲ့သည်။
ငလျင်အပြီး တစ်လတာမှာ စစ်ကောင်စီ ဘာတွေလုပ်ခဲ့လဲ ?
https://drive.google.com/file/d/1llcP7wYWab0kaAFU3ndKVWJh9YmQQltL/view?usp=drive_link