ရွှေဈေး ၅၆ သိန်း၊ ကန်တစ်ဒေါ်လာ ၄၅၀၀ ပြန်ဖြစ်

Author ကိုထားဝယ်  
Categories
Published on May 31, 2024

ဆက်တိုက်မြင့်တက်နေတဲ့ ပြည်တွင်းရွှေနဲ့ ဒေါ်လာဈေးတွေဟာ ဒီနေ့ မေ ၃၁ ရက်မှာတော့ ပြန်လည်ကျဆင်းလာတာကို တွေ့မြင်ရပါတယ်။

 

ဒီနေ့ ညနေပိုင်း ပြည်တွင်း အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သား ၅၆ သိန်းကျပ်နဲ့ အမေရိကန်တစ်ဒေါ်လာ ၄၅၀၀ ကျပ်ပြန်ဖြစ်လာပါတယ်။

 

ဒါဟာ မနေ့ မေလ ၃၀ ရက်ကထက် ရွှေဈေးက တစ်ကျပ်သားကို ကျပ်နှစ်သိန်းကျော်ပြန်ကျသလို ကန်တစ်ဒေါ်လာကို နှစ်ရာကျပ်နီးပါး ပြန်လည်ကျဆင်းလာတာဖြစ်ပါတယ်။

 

ဒါ့အပြင် တခြားနိုင်ငံခြားငွေကြေးတွေဖြစ်တဲ့ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ ဂျပန်ယန်းနဲ့ တရုတ်ယွမ်ဈေးတွေအားလုံး ကျဆင်းခဲ့ပေမဲ့ မလေးရှားရင်းဂစ်ဈေးကတော့ ထပ်မံမြင့်တက်လာတာကိုတွေ့မြင်ရပါတယ်။

 

မနေ့ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် စင်ကာပူတစ်ဒေါ်လာကို ၃၃၀ ကျပ်၊ ထိုင်းတစ်ဘတ်ကို ၅ ကျပ်၊ ဂျပန်တစ်ယန်းကို ၂ ကျပ်ခန့်၊ တရုတ်တစ်ယွမ်ကို ၄၀ ကျပ်အထိပြန်လည်ကျဆင်းပေမဲ့ မလေးရှားတစ်ရင်းဂစ်ကို ၁၅ ကျပ် ထပ်မံမြင့်တက်လာပါတယ်။

 

မေလ ၃၀ ရက်နေ့မနက်နဲ့ နေ့လယ်ပိုင်းတွေမှာ ရွှေဈေးနဲ့ ကန်ဒေါ်လာဈေးတွေ အမြင့်ဆုံးအထိ မြင့်တက်ခဲ့ကြပြီး ရွှေတစ်ကျပ်သား ၅၈ သိန်း နှစ်သောင်းကျပ်နဲ့ ကန်တစ်ဒေါ်လာ ၄၇၈၀ အထိ အမြင့်ဆုံးရောက်ရှိခဲ့ကြတာပါ။

 

ဒီနေ့ ညနေမှာတော့ ပြည်တွင်းအကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သား ကျပ် ၅၆ သိန်း၊ ကမ္ဘာ့ရွှေ တစ်အောင်စ အမေရိကန် ၂၃၄၀ ဒေါ်လာနဲ့ဈေးပိတ်ခဲ့ပါတယ်။

 

နိုင်ငံခြားငွေကြေးဈေးကွက်ထဲမှာတော့ အမေရိကန်တစ်ဒေါ်လာ ၄၅၀၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၀၅၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၁၄ ကျပ်၊ ဂျပန်တစ်ယန်း ၂၈ ကျပ်၊ တရုတ်တစ်ယွမ် ၆၀၈ ကျပ်နဲ့ မလေးရှားတစ်ရင်းဂစ် ၉၉၀ ကျပ်ဈေးတွေနဲ့ ပိတ်ခဲ့ပါတယ်။