“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (အောက်တိုဘာ ၂၈ မှ နိုဝင်ဘာ ၂ ရက်အထိ)

Published on Nov 03, 2024

“တစ်ပတ်လုံးကျတဲ့ ရွှေဈေး”

 

ပြီးခဲ့တဲ့အပတ်ထဲ တစ်ကျပ်သား ၆၇ သိန်းကျော်အထိ မြင့်တက်ခဲ့တဲ့ ရွှေဈေးတွေ ဒီတစ်ပတ်ထဲမှာတော့ ပြန်လည်ကျဆင်းလာခဲ့ပါတယ်။

 

ဒီတစ်ပတ်ထဲ တောက်လျှောက် အကျဈေးတွေပဲ ဖြစ်ပေါ်ခဲ့ပြီး အောက်တိုဘာ ၂၈ ရက် တနင်္လာနေ့ကထက် အင်္ဂါနေ့မှာ အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သားကို ငါးသောင်း၊ ဗုဒ္ဓဟူးနေ့မှာ ငါးသောင်းနဲ့ ကျပ် ကျဆင်းခဲ့တာတွေ့ရပါတယ်။

 

ကြာသပတေးနေ့မှာ ငြိမ်သက်နေခဲ့ပြီး သောကြာနေ့မှာတော့ တစ်ကျပ်သားကို တစ်သိန်းနီးပါး ထပ်မံကျဆင်းခဲ့ပါတယ်။

 

ဒါကြောင့် ဒီတစ်ပတ်အတွင်း အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားကို ကျပ်နှစ်သိန်းနီးပါး ကျဆင်းခဲ့ပါတယ်။

 

ဒါပေမဲ့ ကမ္ဘာ့ရွှေဈေးနှုန်းတွေကတော့ မငြိမ်မသက်ဖြစ်ပေါ်ခဲ့ပြီး ကြာသပတေးနေ့မှာ တစ်အောင်စ အမေရိကန်ဒေါ်လာ ၂၇၈၅ အထိ အမြင့်ဆုံးရောက်ခဲ့ပေမဲ့ စနေနေ့မှာတော့ အနိမ့်ဈေးဖြစ်တဲ့ တစ်အောင်စ ၂၇၃၆ ဒေါ်လာနဲ့ ပိတ်သွားတာတွေ့ရပါတယ်။

 

ဒီတစ်ပတ် နိုဝင်ဘာ ၂ ရက် စနေနေ့ ပြည်တွင်းရွှေဈေးနှုန်းတွေကတော့ ၁၅ ပဲရည်တစ်ကျပ်သား သိန်း ၆၀ နဲ့ ငါးသောင်း၊ ၁၆ ပဲရည်တစ်ကျပ်သား ၆၄ သိန်း နှစ်သောင်းကျပ်ဖြစ်ပါတယ်။

 

Source – Myanmar Market Price