ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ အပူချိန် ၂၀ ဒီဂရီအောက်အထိကျဆင်း “ဒီကနေ့ ဇန်နဝါရီ ၃ ရက်၊ သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်”

Published on Jan 03, 2025

“နေ့အပူချိန်များ”

 

ရန်ကုန်မြို့၊ နေပြည်တော်နဲ့ မန္တလေးမြို့တို့မှာ အပူချိန် ၂၀ ဒီဂရီဆဲလ်ဆီးယက်အောက် ရောက်ရှိနေပြီး နေပြည်တော်မှာ ၁၆ ဒီဂရီဆဲလ်ဆီးယက်အထိ ကျဆင်းနေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ဒီကနေ့မနက်အစောပိုင်းတိုင်းထွာချက်အရ သိရပါတယ်။

 

“ဒီကနေ့ညနေအထိ မိုးလေဝသအခြေအနေ”

 

စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ကရင်နီ(ကယား)ပြည်တို့မှာ အများအားဖြင့် သာယာပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

 

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေတယ်လို့ စစ်ကောင်စီမိုးဇလက ထုတ်ပြန်ပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

 

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ဆိုထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ သုံးပေကနေ ခြောက်ပေခန့် ရှိနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”

 

ကချင်ပြည်၊ ချင်းပြည်၊ ရခိုင်ပြည်နဲ့ ရှမ်းပြည်တို့မှာ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

Related News

Depend on news