မြောင်မြို့နယ်အတွင်းရှိ ဆူးလေကုန်းနှင့် မြစ်သာရွာအပါအဝင်ကျေးရွာ ၅ ရွာအား စစ်ကောင်စီတပ်မှ ဖျက်ဆီးခဲ့

Author ခေတ်နီ
Categories
Published on Nov 09, 2022

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိဆူးလေကုန်း နှင့် မြစ်သာကျေးရွာအပါအဝင် ကျေးရွာ ၅ ရွာကို စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြောင်မြို့နယ်အတွင်းရှိ ဆူးလေကုန်း၊ နနွင်းကိုင်း ၊ ရွှေတချောင်း၊ မြစ်သာ၊ သူဌေးကုန်းရွာများကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့မှ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့အထိ လေး ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေခဲ့တာပဲ ဖြစ်သည်။

“အဲ့ရွာတွေကို ရေစကြို ဖူလုံတပ်က ချင်းတွင်းရေလမ်းအတိုင်း လာပီး မီးရှို့တာ ရွာလုံးကျွတ်ပဲ ပြီးတော့ ရေစကြိုအစပ်က ရွာတွေပါ မီးရှို့ခံထိတယ်”ဟု ကိုတိုက်ဂါး မြောင် မှပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများတင်မက မြောင်နှင့်ရေစကြိုအစပ်မှာရှိသည့် မြေစွန်းရွာ၊ ဆင်ခြေရွာ၊ ရွာသစ် ရွာ များကိုလည်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ ထိုသို့မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးမှုအခြေကို မသိရှိရသေးကြောင်း၊ ထိုဒေသများမှ စစ်ရှောင်ဦးရေသည် သောင်းဂဏန်းအထိရှိနေကြောင်း၊ ဆူးလေကုန်းရွာမီးရှို့ခံရမှုအတွင်း သက်ကြီးရွယ်အိုအဘွားတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်းပြောဆိုမှုများရှိနေပေမယ့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ဓာတ်ပုံ- မင်းစစ်နိုင်

မှတ်တမ်းရုပ်သံအား CJ Platform ၏ Telegram တွင် ကြည့်ရှု့နိုင်ပါသည်။

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform