မော်လိုက်မြို့အနီး အင်အား ၅ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်

Published on May 29, 2024

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီး ရစ်ချ်တာစကေး ၅ ဒသမ ၅ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ဒီနေ့ ည ၇ နာရီ ၄၃ မိနစ်က လှုပ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

 

တမူးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၅၅)မိုင်ခန့် ကွာဝေးတဲ့ မော်လိုက်မြို့ရဲ့ အရှေ့တောင်ဘက် (၁၄)မိုင်ခန့်အကွာ မြန်မာနိုင်ငံအတွင်းကို ဗဟိုပြုလှုပ်ခတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။

 

ဒီငလျင်ကြောင့် မော်လိုက်မြို့နဲ့အနီးတဝိုက်မှာ လူနဲ့ နေအိမ်အဆောက်အအုံထိခိုက်ပျက်စီးဆုံးရှုံးမှုရှိမရှိနဲ့ပတ်သက်ပြီး CJ Platform က ဆက်လက်စုံစမ်းဖော်ပြပေးသွားပါ့မယ်။

 

ဓာတ်ပုံ – စစ်ကောင်စီ မိုးဇလ