“ဒီတစ်ပတ် စက်သုံးဆီ အခြေအနေ” (ဇူလိုင် ၂၁ မှ ၂၇ ရက်အထိ)

Author လဂွန်းအိမ်
Categories
Published on Jul 27, 2024

“နှစ်ပတ်ဆက်ကျတဲ့ စက်သုံးဆီ”

 

ပြီးခဲ့တဲ့အပတ်တွေထဲတက်လိုက်ကျလိုက်ဖြစ်ခဲ့တဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ ဒီတစ်ပတ်မှာတော့ နှစ်ပတ်ဆက်ကျသွားပါတယ်။

 

အရင်အပတ်က ကျခဲ့တဲ့ ဒီဇယ်ဆီတွေနည်းတူ အောက်တိန်း 92 နဲ့ 95 တို့လည်း ဈေးနှုန်းကျဆင်းလာခဲ့ပါတယ်။

 

ဒီတစ်ပတ်မှာတော့ ရိုးရိုးဒီဇယ် တစ်လီတာကို ၅၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၆၅ ကျပ် အထိကျဆင်းခဲ့ကြပြီး အောက်တိန်း 92 နဲ့ 95 တစ်လီတာကို ၅၅ ကျပ်စီ ကျဆင်းခဲ့ကြပါတယ်။

 

ဇူလိုင်လ ၂၇ ရက်နေ့ စက်သုံးဆီဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ ရိုးရိုးဒီဇယ် တစ်လီတာ ၂၃၆၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာ ၂၇၇၀ ကျပ်နဲ့ အောက်တိန်း 92 တစ်လီတာ ၂၆၃၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၂၇၅၀ ကျပ်ဈေးရှိခဲ့ပါတယ်။