“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (ဇူလိုင် ၂၁ မှ ၂၇ ရက်အထိ)

Author လဂွန်းအိမ်
Categories
Published on Jul 27, 2024

“ကျယောင်ဆောင်သော နိုင်ငံခြားငွေ”

 

ပြီးခဲ့တဲ့အပတ်‌ထဲ ထိုးမယ့်ဆင် ခြေတစ်လှမ်းနောက်ဆုတ်ဆိုသလို နိုင်ငံခြားငွေဈေး ကျယောင်ပြပြီး ဒီတစ်ပတ်မှာတော့ ကျပ်ငွေတန်ဖိုးပြန်ကျသွားလို့ ပြန်တက်လာခဲ့ပါတယ်။

 

ဒီတစ်ပတ်ထဲ ပြီးခဲ့တဲ့အပတ်ကနဲ့ နှိုင်းယှဉ်ပါက အမေရိကန် တစ်ဒေါ်လာကို ၁၂၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာကို ၁၀၀ ကျပ်၊ ထိုင်းတစ်ဘတ် ၄ ကျပ်ကျော်၊ ဂျပန်တစ်ယမ်းကို တစ်ကျပ်ခွဲနီးပါး၊ မလေးရှားတစ်ရင်းဂစ် ၃၉ ကျပ်နဲ့ တစ်ရုတ်တစ်ယွမ်ကို ၂၀ ကျပ်တို့အထိ မြင့်တက်လာခဲ့တာကို တွေ့ရပါတယ်။

 

ပြီးခဲ့တဲ့ဘဏ်အကျပ်အတည်းတွေအတွင်း စစ်ကောင်စီက ငွေစက္ကူအသစ်တွေရိုက်ထုတ်ဖြေရှင်းခြင်း၊ ဒေါ်လာရောင်းဝယ်သူတွေကို ဝရန်းထုတ်ဖမ်းဆီးခြင်းတွေအပြင် သတ်မှတ်ဈေးနှုန်းနဲ့ ရောင်းချဖို့ ဖိအားပေးနေတဲ့ကြားက အခုလိုပြန်မြင့်တက်လာတာဖြစ်ပါတယ်။

 

ဇူလိုင်လ ၂၇ ရက် သောကြာနေ့အတွက် နိုင်ငံခြားငွေကြေးဈေးကွက်အပိတ်ဈေးနှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၅၀၀၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၇၀၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၄၀ ကျပ်‌နီးပါး၊ ဂျပန်တစ်ယမ်း ၃၁ ကျပ်ကျော်၊ မလေးရှား တစ်ရင်းဂစ် ၁၀၇၂ ကျပ်နဲ့ တရုတ်တစ်ယွမ် ၆၈၈ ကျပ်ဖြင့် ဈေးကွက်ပိတ်ခဲ့ပါတယ်။