“ဒီတစ်ပတ် ရွှေဈေး အတက်အကျ” (ဧပြီ ၂၁ ရက်မှ ၂၇ ရက်အထိ)

Author လင်းနွေဦး
Categories
Published on Apr 28, 2024

“ကမ္ဘာ့ရွှေပြန်ကျပြီး မြန်မာ့ရွှေဈေးတန့်နေ”

 

ဒီတစ်ပတ် ရွှေဈေးနှုန်းတွေကတော့ တမူထူးခြားခဲ့ပြီး တက်နှုန်းကြမ်းခဲ့တဲ့ မြန်မာ့ရွှေဈေးနှုန်းတွေဟာ အရင်အပတ်ကတိုင်း ပြောင်းလဲခဲ့ခြင်းမရှိဘဲ တန့်နေခဲ့ကာ ကမ္ဘာ့ရွှေဈေးနှုန်းဘက်မှာတော့ အရင်အပတ်ကထက် ပြန်လည်ကျဆင်းခဲ့ပါတယ်။

 

ဒေါ်လာဈေးနှုန်းတွေ ထပ်တက်လာပေမဲ့လို့ ရွှေဈေးနှုန်းတွေ ထပ်တက်လာခြင်းမရှိတာဟာ စစ်ကောင်စီက ရွှေလုပ်ငန်းအချို့ကို ပိတ်သိမ်းခဲ့ပြီး လုပ်ငန်းရှင် အချို့ကို ဖမ်းဆီးစစ်ဆေးကာ ရွှေဈေးနှုန်းထိန်းချုပ်နိုင်ရေး ကို အာဏာအသုံးပြု အပြင်းအထန်အားထုတ်နေမှုသည်လည်း မြန်မာ့ရွှေဈေး ဆက်မတက်လာတဲ့ အကြောင်းအရင်းတစ်ခုဖြစ်တယ် လို့ ရွှေကျွမ်းကျင်ပညာရှင်များက သုံးသပ်ထားကြပါတယ်။

 

စစ်ကောင်စီလက်အောက်ခံ ရန်ကုန်ရွှေလုပ်ရှင်ကြီးများအသင်း (YEGA) ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အကယ်ဒမီ မီးလင်းရွှေ (၁၆ ပဲရည်) တစ်ကျပ်သား ကို ၃၉ သိန်း ၉ သောင်း ၈ ထောင့် ၉ရာ ကျပ်လို့ ဖော်ပြထားပါတယ်။

 

ဧပြီ ၂၇ ရက် စနေနေ့ မြေပြင်ဈေးကွက် အပိတ်ဈေးနှုန်း တွေကတော့ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို ၄၈ သိန်းကျပ် တိတိ၊ ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၄၅ သိန်း ၁ သောင်း ကျပ်နဲ့ ကမ္ဘာ့ရွှေ တစ်အောင်စကို အမေရိကန် ၂၃၃၇ ကျပ် ဈေးပေါက်ခဲ့ပါတယ်။