ရွှေဘိုမှာ စစ်ကောင်စီ လက်နက်နဲ့ ရိက္ခာပို့စစ်ကြောင်းကို မြေပြင်/ဝေဟင်တို့မှ ညှပ်တိုက်၊ ၃ ဦးသေဆုံးတဲ့အပြင် အများအပြားဒဏ်ရာရ

Author မင်းထက်
Categories
Published on Jul 27, 2024

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောပျူစခန်းသို့ ရိက္ခာနဲ့ လက်နက်ပို့ရန် ထွက်လာတဲ့စစ်ကြောင်းကို မြေပြင်/ဝေဟင်ညှပ်တိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၄ ရဲ့ စစ်ရေးသတင်းပြန်ကြားရေးတာ၀န်ခံက CJ Platform သို့ ပြောပါတယ်။

 

အင်အား ၆၀ ခန့်ပါ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ ဇီးဖြူကုန်းပျူစခန်းမှ တည်သီးတောပျူစခန်းကို လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့ရန် ဇူလိုင် ၂၅ ရက်နေ့က ထွက်လာပါတယ်။

 

ဒါကို လမ်းခုလတ်တစ်နေရာမှာ တောင်လှန်ရေးအင်အားစုတွေက မြေပြင်မှ လက်နက်ငယ်၊ ၄၀ မမ၊ ၆၀ မမ စိန်ပြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်တဲ့အပြင် ဒရုန်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်​ခဲ့​ရာ ပျူသုံးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်များထံမှ သိရပါတယ်။

 

“အပြန်အလှန်ပစ်ခတ်မှုတွေ နှစ်နာရီလောက် ဖြစ်ခဲ့တာဗျ။ သူတို့ ပြန်လည်ဆုတ်ခွာသွားတယ်” လို့ အထက်ပါတာ၀န်ခံက ပြောပါတယ်။

 

ဒီစစ်ဆင်ရေးကို ရွှေဘိုခရိုင် အမှတ်(၄)တပ်ရင်း တပ်ခွဲ( ၁) (Guardian Force) ၊ တပ်ခွဲ( ၂)(Warlord Defense Force)၊ တပ်ခွဲ( ၃) (Snake Eye PDF)နဲ့အတူ Dragon Urban Guerrilla Force (DUGF)၊ Fire Dragon PDF(Khin Oo)တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။

 

ရုပ်သံ – ရွှေဘိုခရိုင် အမှတ်(၄)တပ်ရင်း

 

Related News

Depend on news