“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ ” (မေ ၁၉ ရက်မှ ၂၅ ရက်အထိ)

Author လင်းနွေဦး
Categories
Published on May 26, 2024

“တက်နှုန်းမြင့်နေဆဲ နိုင်ငံခြားငွေလဲနှုန်းများ”

 

ပြီးခဲ့တဲ့အပတ်က လဲလှယ်နှုန်းတက်ခဲ့တဲ့ နိုင်ငံခြားငွေကြေးတွေဟာ ဒီတစ်ပတ်မှာလည်း ဆက်လက်မြင့်တက်ခဲ့ပါတယ်။

 

တစ်ဒေါ်လာ ၄ ထောင်ကျော်ခဲ့တဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းဟာ ၁၆၀ ကျပ်နှုန်း ဆက်တက်ခဲ့ပြီး စင်ကာပူ တစ်ဒေါ်လာကလည်း ၆၀ ကျပ်နှုန်းတိုးမြင့်ခဲ့တာကြောင့် အမြင့်ဆုံးလဲလှယ်နှုန်းမှတ်တမ်းဖြစ်တဲ့ စင်ကာပူတစ်ဒေါ်လာ မြန်မာကျပ် ၃ ထောင် ကျော်ခဲ့ပြီလို့ဆိုရမှာပါ။

 

အလားတူ အခြားသောလဲလှယ်နှုန်းတွေ အဖြစ် ထိုင်းတစ်ဘတ် ၂ ဒဿမ ၅၆ ကျပ်၊ ဂျပန် တစ်ယမ်း သုည ဒဿမ ၇၅ ကျပ်၊ မလေးရှားတစ်ရင်းဂစ် ၃၂ ကျပ် နဲ့ တရုတ် တစ်ယွမ် ၂၀ ကျပ်နှုန်းတိတိ လဲလှယ်နှုန်းတိုးခဲ့တာပါ။

 

မေလ ၂၅ ရက်နေ့ အတွက် ငွေကြေးလဲလှယ်နှုန်း ဈေးကွက် အပိတ်ဈေးတွေကတော့ အမေရိကန် တစ်ဒေါ်လာ ၄၁၉၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၀၅၀ ကျပ်၊ ဂျပန် တစ်ယမ်း ၂၆ ဒဿမ ၆၄ ကျပ်၊ ထိုင်းတစ်ဘတ် ၁၁၄ ဒဿမ ၂၉ ကျပ်၊ မလေးရှား တစ်ရင်းဂစ် ၈၇၉ ကျပ်၊ တရုတ် တစ်ယွမ် ၅၇၅ ကျပ် လဲလှယ်နှုန်းရှိခဲ့ပါတယ်။