“ဒီတစ်ပတ် စက်သုံးဆီဈေး အခြေအနေ” (မေ ၁၉ ရက်မှ ၂၅ ရက်အထိ)

Author  လင်းနွေဦး
Categories
Published on May 25, 2024

“အကုန်နီးပါးပြန်ကျတဲ့ ဒီတစ်ပတ်စက်သုံးဆီ”

 

ပြီးခဲ့တဲ့ အပတ်က ဒီဇယ်ဈေးတွေ ပြန်တက်ပြီး ဓာတ်ဆီဈေးတွေ ဆက်ကျခဲ့တဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ ဒီတစ်ပတ်မှာတော့ အပြောင်းအလဲတွေ ထပ်ဖြစ်ခဲ့ပြီး စက်သုံးဆီအမျိုးအစား အကုန်နီးပါး ဈေးပြန်ကျခဲ့တာပါ။

 

ရိုးရိုးဒီဇယ် နဲ့ အဆင့်မြင့်ဒီဇယ် တစ်လီတာဟာ ၂၃၄၅ ကျပ်ကနေ ၁၀ ကျပ်နှုန်းတိတိ တူညီစွာ ပြန်ကျခဲ့သလို ဓာတ်ဆီအမျိုးအစားတွေအဖြစ် 95 အောက်တိန်းတစ်လီတာ ကို ၂၇၅၀ ကျပ် မှ ၁၅ ကျပ်တိတိ ဈေးကျခဲ့ကာ 92 ဒီဇယ်တစ်လီတာ ဈေးနှုန်းသာ အရင်အပတ်က အတိုင်း မပြောင်းမလဲ တည်ရှိနေတာ ဖြစ်ပါတယ်။

 

မတ်လ ၂၅ ရက် စနေနေ့အထိ စက်သုံးဆီ ဈေးကွက်အပိတ်ဈေးနှုန်းတွေကတော့ ရိုးရိုးဒီဇယ် တစ်လီတာ ၂၃၃၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာ ၂၃၈၅ ကျပ် နဲ့ ဓာတ်ဆီအမျိုးအစားတွေအဖြစ် 92 အောက်တိန်းတစ်လီတာ ၂၆၂၅ ကျပ်၊ 95 အောက်တိန်းတစ်လီတာ ၂၇၃၅ ကျပ် ဈေးရှိခဲ့ပါတယ်။