“တစ်နိုင်ငံလုံးမှာ နေ့ သာယာပြီး ညဘက် အအေးပိုလာတော့မယ်” “ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်”
“မိုးရွာနိုင်တဲ့ ဒေသများ”
စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး မိုရွာဖို့ ၆၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။
နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ကရင်နီ(ကယား)ပြည်တို့မှာ အများအားဖြင့် သာယာပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ စစ်ကောင်စီ မိုးဇလက ခန့်မှန်းထားပါတယ်။
မြောက်ဘက် တိဗက်ကုန်းမြင့်ဒေသနဲ့ ဟိမဝန္တာတောင်တန်းများပေါ်က လေအေးစီးကြောင်းတွေဟာ တောင်ဘက်ရှိ မြန်မာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဦးတည်တိုက်ခတ်နေတာကြောင့် မြန်မာနိုင်ငံဒေသအားလုံးမှာ နေ့အချိန်တွေမှာ သာယာပြီး ညပိုင်းမှာ အအေးပိုလာနိုင်တော့မယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယမန်နေ့က ခန့်မှန်းထားပါတယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ အနောက်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေတယ်လို့ စစ်ကောင်စီမိုးဇလက ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းလွန်-တမီးလ်နာဒူးမြောက်ပိုင်း ကမ်းခြေတို့မှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဟာ နောက် (၂၄) နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ်ကို တဖြည်းဖြည်းအားလျော့သွားနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။
အဲဒီလေဖိအားနည်းရပ်ဝန်းဟာ ယမန်နေ့ ဒီဇင်ဘာ ၂၅ ရက် ညပိုင်းနဲ့ တောင်တရုတ်ပင်လယ်တောင်ပိုင်းက မုန်တိုင်း(TS PABUK)ဟာ ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက် ည ပိုင်းတို့မှာ အသီးသီးအားပျော့ပျက်ပြယ်သွားကြမယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။
“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”
တနင်္သာရီတိုင်းမှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။