“ဒီတစ်ပတ် ကျပ်ငွေအပြောင်းအလဲ” (ဇန်နဝါရီ ၂၀ ရက်ကနေ ၂၅ ရက်နေ့အထိ)

Published on Jan 26, 2025

“ဆက်လက်မြင့်တက်နေတဲ့ နိုင်ငံခြားငွေ”

 

ပြင်ပနိုင်ငံခြားငွေဈေးကွက်အတွင်း အမေရိကန်ဒေါ်လာကလွဲပြီး ထိုင်းဘတ်နဲ့ တရုတ်ယွမ်တို့အပါအဝင် နိုင်ငံခြားငွေဈေးနှုန်းတွေ အနည်းငယ်စီ ဆက်လက်မြင့်တက်လာတာတွေ့ရပါတယ်။

 

စစ်ကောင်စီဗဟိုဘဏ်ရဲ့ အွန်လိုင်းနိုင်ငံခြားငွေဈေးကွက်(FX)ကနေ ဒီတစ်ပတ် တနင်္လာနေ့မှာ ထိုင်းဘတ် ၁ ဒသမ ၉ သန်းကျော်၊ အင်္ဂါနေ့က တရုတ်ယွမ် ရှစ်သိန်းနဲ့ သောကြာနေ့က အမေရိကန်ဒေါ်လာ သန်း ၂၀ ရောင်းချပေးခဲ့တယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

 

ဒါပေမဲ့ တစ်ယူရိုကို ၈ ကျပ်၊ စင်ကာပူတစ်ဒေါ်လာကို ၁၀ ကျပ်၊ ထိုင်းတစ်ဘတ်ကို တစ်ကျပ်ကျော်၊ တရုတ်တစ်ယွမ်ကို ငါးကျပ်ခန့်၊ မလေးရှားတစ်ရင်းဂစ်ကို ၁၀ ကျပ်နဲ့ ဂျပန်တစ်ယမ်းကို တစ်ကျပ်နီးပါးမြင့်တက်လာပါတယ်။ အမေရိကန်ဒေါ်လာကတော့ တစ်ဒေါ်လာကို ၃၀ ကျပ်ခန့်ကျဆင်းသွားတာတွေ့ရပါတယ်။

 

စနေနေ့ နိုင်ငံခြားငွေကြေးဈေးနှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၄၆၀၀ ကျပ်၊ တစ်ယူရို ၄၇၉၀ ကျပ်နီးပါး၊ စင်ကာပူတစ်ဒေါ်လာ ၃၃၈၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၆ ကျပ်ကျော်၊ ဂျပန်တစ်ယမ်း ၂၉ ကျပ်ကျော်၊ မလေးရှားတစ်ရင်းဂစ် ၁၀၄၂ ကျပ်နီးပါး၊ တရုတ်တစ်ယွမ် ၆၃၁ ကျပ်နဲ့ ကိုရီးယားတစ်ဝမ် ၃ ကျပ်ကျော်ဈေးရှိတယ်လို့ သိရပါတယ်။

 

Source – Myanmar Market Price