“ဒီတစ်ပတ် ကျပ်ငွေအပြောင်းအလဲ” (နိုဝင်ဘာလ ၁၈ ရက်ကနေ ၂၃ ရက်နေ့အထိ)
“စစ်ကောင်စီဘယ်လောက်ရောင်းရောင်း မကျတဲ့ နိုင်ငံခြားငွေ”
ဒီတစ်ပတ်ထဲ စစ်ကောင်စီဗဟိုဘဏ်ရဲ့ အွန်လိုင်းနိုင်ငံခြားငွေဈေးကွက်(FX)ကနေ အမေရိကန်ဒေါ်လာနဲ့ ထိုင်းဘတ်ငွေတွေ သန်း ၆၀ နီးပါးထပ်မံထုတ်ရောင်းချပေးခဲ့ပြန်ပါတယ်။
ဒါပေမဲ့ နိုင်ငံခြားငွေဈေးတွေဟာ မကျခဲ့ဘဲ ပြီးခဲ့တဲ့အပတ်ကထက် မြင့်တက်ခဲ့တာ တွေ့ရပါတယ်။
စစ်ကောင်စီဗဟိုဘဏ်က နိုဝင်ဘာလ ၁၈ ရက် တနင်္လာနေ့မှာ အမေရိကန်တစ်ဒေါ်လာ ၃၅၈၃ ကျပ်နဲ့ ကန်ဒေါ်လာ ၁၂,၀၀၀ ကျော်ထုတ်ရောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၉ ရက် အင်္ဂါနေ့မှာ အမေရိကန်တစ်ဒေါ်လာ ၃၅၈၃ ကျပ်နဲ့ ကန်ဒေါ်လာ သန်း ၂၀ အပြင် ထိုင်းတစ်ဘတ် ၁၂၇ ကျပ်နှုန်းနဲ့ ဘတ်သန်း ၁၀၀ ထုတ်ရောင်းပေးခဲ့ပါတယ်။
နိုဝင်ဘာလ ၂၀ ရက် ဗုဒ္ဓဟူးနေ့မှာ အမေရိကန်တစ်ဒေါ်လာ ၃၅၈၃ ကျပ်နဲ့ ကန်ဒေါ်လာ ၂၄ သန်း ထပ်မံထုတ်ရောင်းပေးခဲ့ပါတယ်။
နိုဝင်ဘာလ ၂၁ ရက် ကြာသပတေးနေ့မှာ အမေရိကန်တစ်ဒေါ်လာ ၃၅၈၃ ကျပ်နဲ့ ကန်ဒေါ်လာ ၄၀၀၀ နီးပါးထုတ်ရောင်းပေးခဲ့တယ်လို့ ဆိုထားပြန်ပါတယ်။
နိုဝင်ဘာလ ၂၂ ရက် သောကြာနေ့မှာ အမေရိကန်တစ်ဒေါ်လာ ၃၅၈၃ ကျပ်နဲ့ ကန်ဒေါ်လာ နှစ်သောင်းခွဲကျော်နဲ့ ထိုင်းတစ်ဘတ် ၁၂၇ ကျပ်ကျော်နှုန်းနဲ့ ဘတ် ၁၇ ဒသမ ၇၉ သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့တယ်လို့ စစ်ကောင်စီဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒါပေမဲ့ အမေရိကန်ဒေါ်လာဈေးက ဒီတစ်ပတ်အတွင်း အရင်ပတ်ကဈေးအတိုင်း မကျဘဲ ထိုင်းတစ်ဘတ်ကို နှစ်ကျပ်ကျော်၊ တရုတ်တစ်ယွမ်ကို လေးကျပ်၊ ဂျပန်တစ်ယမ်းကို တစ်ကျပ်ကျော်နဲ့ မလေးရှားတစ်ရင်းဂစ်ကို ခုနစ်ကျပ်လောက်အထိ မြင့်တက်ခဲ့တာတွေ့ရပါတယ်။ စင်ကာပူဒေါ်လာဈေးနှုန်းသာ တစ်ဒေါ်လာကို ၁၀ ကျပ်ကျဆင်းခဲ့တာတွေ့ရပါတယ်။
ဒီတစ်ပတ် စနေနေ့ အပိတ်ဈေးနှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၄၅၀၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၃၇၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၀ ကျပ်ကျော်၊ တရုတ်တစ်ယွမ် ၆၂၁ ကျပ်၊ မလေးရှားတစ်ရင်းဂစ် ၁၀၀၇ ကျပ်နဲ့ ဂျပန်တစ်ယမ်း ၂၉ ကျပ်ကျော်ဈေးရှိတယ်လို့ သိရပါတယ်။
Source – Myanmar Market Price