ဒီးမော့ဆို LPDF ရဲ့ သင်တန်းဆင်းပွဲ

Author CJ Platform
Categories
Published on Mar 24, 2025

ကရင်နီပြည် ဒီးမော့ဆိုမှာ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို LPDF က အရာရှိသင်တန်း အပတ်စဉ် (၁)နဲ့ တပ်သားသင်တန်း အပတ်စဉ် (၂၄) သင်တန်းဆင်းပွဲကို မတ်လ ၂၃ရက်နေ့ မွန်းလွဲ ၂နာရီခွဲမှာ ကျင်းပခဲ့တယ်လို့ DMO LPDF က ထုတ်ပြန်လာပါတယ်။

 

သင်တန်းတွေကို အရာရှိနဲ့ တပ်သား ၂၆၀ ကျော် တက်ရောက်ခဲ့ပြီး သင်တန်းကာလ တစ်လခွဲခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲကို အလယ်ပိုင်းတိုင်း စစ်ဒေသက စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တော်လှန်ရေး တပ်ဖွဲ့အသီးသီးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – DMO LPDF