ကချင်နဲ့ စစ်ကိုင်းအထက်ပိုင်းမှာ ညအပူချိန်လျော့ကျနိုင် “ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်၊ သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်”

“ညအပူချိန်များ”
ရခိုင်ပြည်မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်အောက် ၃ ဒီဂရီစင်တီဂရိတ်နဲ့ တနင်္သာရီတိုင်းမှာ ၂ ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပါတယ်။
နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်အရှေ့ပိုင်းတို့မှာ ၂ ဒီဂရီစင်တီဂရိတ်နဲ့ စစ်ကိုင်းတိုင်း၊ ကချင်ပြည်တို့မှာ ၃ ဒီဂရီစင်တီဂရိတ် စသဖြင့် ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်ထက်ပိုခဲ့ပါတယ်။
“ထူးခြားညအပူချိန်များ”
ဒီကနေ့အတွက် အနိမ့်ဆုံးအပူချိန်တွေအဖြစ် ဟားခါးမြို့မှာ ၂ ဒီဂရီစင်တီဂရိတ်၊ လားရှိုးမြို့မှာ ၇ ဒီဂရီစင်တီဂရိတ်၊ တောင်ကြီးမြို့မှာ ၈ ဒီဂရီစင်တီဂရိတ်၊ မြစ်ကြီးနားမြို့နဲ့ လွိုင်ကော်မြို့တို့မှာ ၉ ဒီဂရီစင်တီဂရိတ်၊ စစ်တွေမြို့နဲ့ ကျိုင်းတုံမြို့တို့မှာ ၁၁ ဒီဂရီစင်တီဂရိတ်၊ မကွေးမြို့မှာ ၁၄ ဒီဂရီစင်တီဂရိတ်အထိ ဖြစ်ပေါ်ခဲ့ပါတယ်။
“မြို့ကြီးများ ညအပူအချိန်”
ဒီကနေ့ညနေပိုင်းကနေ မနက်ဖြန် မနက်အစောပိုင်းအထိ နေပြည်တော်မှာ ၁၆ ကနေ ၃၁ ဒီဂရီစင်တီဂရိတ်အထိ၊ ရန်ကုန်မြို့မှာ ၁၈ ကနေ ၃၂ ဒီဂရီစင်တီဂရိတ်အထိနဲ့ မန္တလေးမြို့မှာ ၁၉ ကနေ ၃၃ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပါတယ်။
ဒါ့အပြင် ပဲခူး၊ ဟုမ္မလင်း၊ မုံရွာနဲ့ ထားဝယ်မြို့တို့မှာ ၁၆ ဒီဂရီစင်တီဂရိတ်၊ ဘားအံနဲ့ မော်လမြိုင်မြို့တို့မှာ ၁၇ ဒီဂရီစင်တီဂရိတ်၊ ပုသိမ်မြို့မှာ ၁၉ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနိုင်ပါတယ်။
“မိုးရွာနိုင်ခြေ”
ဒီကနေ့ညနေပိုင်းအထိ တနင်္သာရီတိုင်းမှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာပါမယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိပါမယ်။
“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”
စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါတယ်။
Source – စစ်ကောင်စီမိုးဇလ